Homeဆောင်းပါးမွန်ပြည်နယ်တွင် ဥပဒေအရာရှိ တကယ်လုံလောက်ရဲ့လား?

မွန်ပြည်နယ်တွင် ဥပဒေအရာရှိ တကယ်လုံလောက်ရဲ့လား?

-

ရွေးကောက်ပွဲများ ကျင်းပပြီး ဥပဒပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးကဏ္ဍများကို ဖြစ်ထွန်းလာရန်မှာ တရားဥပဒေစိုးမိုးရေးအတိုင်းဖြစ်စေရေး ဥပဒေနှင့်အညီဆောင်ရွက်ရေးက ရေပန်းစားလာကြောင်း ပြည် ထောင်စုဥပဒေချုပ် ပြည်နယ်ဥပဒေချုပ်နှင့် ဥပဒေအရာရှိများ၏

အခန်းကဏ္ဍသင် အရေးကြီးလာပါသည်။

တရားဥပဒေသင်္ကေတ(Internet)
တရားဥပဒေသင်္ကေတ(Internet)

ပြစ်မှုတစ်ခုခုဖြစ်လာလှျင် ရဲတပ်ဖွဲ့မှ အမှုအကြာင်း အချင်းအရာနှင့် စစ်ဆေးတွေ့ရှိချက်ကို ဥပဒေဝန်ထမ်းထံ ညှိနှုိင်း သဘောထားရယူပြီး ဆက်လက်ဆောင်ရွက်ရပါသည်။ တရားရုံးတင်သည့်အခါမှာလည်း ဥပဒေဝန် ထမ်းများက အမှုကို လိုက်ပါဆောင်ရွက်ရပါသည်။

“အမှုတိုင်းမှာ ဥပဒေဝန်ထမ်း အချိန်ပြည့် လိုက်ပါဆောင်ရွက်နိုင်မှု ရာနှုန်းပြည့် ရှိရဲ့လား၊ အမှုသည်ကာယ ကံရှင်ဟာ ဥပဒေဝန်ထမ်းအပြင် ပြင်ပရှေ့နေကိုပါ ဌာရမ်းပြီး ဆောင်ရွက်ရတဲ့အဖြစ် ရှိပါသလား၊ ဒီလိုသွား စေတဲ့အခြေနေ လျော်ကန်သင့်မြတ်မှု ရှိပါသလား” ဟု ပထမအကြိမ်မွန်ပြည်နယ်လွှတ်တော် (၁၂) ကြိမ် မြောက် ပုံမှန်အစည်းဝေးမှာ ကျိုက်မရောမြို့နယ် မဲဆန္ဒနယ် (၂) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစံတင်က မေးမြန်းခဲ့သည်။

မွန်ပြည်နယ်အတွင်းရှိ ပြည်နယ်ဥပဒေချုပ်ရုံးတွင် ဥပဒေအရာရှိ (၁၁) ဦး မော်လမြိုင်ခရိုင်ဥပဒေရုံးတွင် ဥပ ဒေအရာရှိ (၄) ဦး သထုံခရိုင်ဥပဒေရုံးတွင် ဥပဒေအရာရှိ (၂) ဦးနှင့် မြို့နယ်ဥပဒေရုံး (၁၀) ရုံးတွင် ဥပဒေအ ရာရှိ (၂၀) ဦးတို့က အမှုများကို လိုက်ပါဆောင်ရွက်လျက်ရှိပါသည်ကြောင်း မွန်ပြည်နယ်ဥပဒေချုပ် ဦးဝင်း ကြည်က ဆိုပါသည်။

“အမှုသည်ကာယကံရှင်ဟာ ပြင်ပရှေ့နေကို ဌားရမ်းလိုပါရင် ဥပဒေအရာရရှိမှ ဌားရမ်းခွင့်ပြုမည်ဖြစ်ပြီး အမှု လိုက်ဥပဒေအရာရှိရဲ့ ကြီးကြပ်မှုကို လိုက်ပါဆောင်ရွက်ခြင်းဟာ ဥပဒေအရပေးထားသော အခွင့်အရေးတစ် ရပ်ဖြစ်၍ သင့်လျော်မှုရှိပါတယ်” ဟု ဦးဝင်းကြည်က ဆက်လက်ဖြေကြားသွားပါသည်။

ဥပဒေအရာရှိများသည် ဥပဒေဘက်တော်သားဖြစ်သည့်အတွက် ဥပဒေနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်ရပါသည်။ အဆင့်ဆင့်သော ဥပဒေရုံးများသည် တရားစွဲအဖွဲ့အစည်းနှင့် တရားရုံးတို့ရဲ့ကြားတွင် မိမိတို၏ လုပ်ငန်းတာဝန်ကို ဆောင်ရွက်ရပါသည်။

မွန်ပြည်နယ်တွင်လည်း ပြည်နယ်လွှတ်တော်က ဥပဒေအသစ်များပြဌာန်းခြင်း ပြင်ဆင်ခြင်း ဖြည့်စွက်ခြင်း ဖျက်သိမ်းခြင်း ပြည်နယ်အစိုးရက နည်းဥပဒေများရေးဆွဲခြင်းတို့ကို ပြည်နယ်ဥပဒေချုပ်ရုံးက ဥပဒေရေးထုံး နှင့်ညီညွတ်သောင် ပါဝင်ပူပေါင်းစိစစ် ဆောင်ရွက်ပေးရပါသည်။ မွန်ပြည်နယ်လွှတ်တော်မှ ဥပဒေ (၃၄) ခု ပြဌာန်းခဲ့ပြီး မွန်ပြည်နယ်အစိုးရအဖွဲ့က နည်းဥပဒေ (၁၃) ခု ထုတ်ပြန်ပေးနိုင်ခဲ့ပါသည်။

လက်ရှိအစိုးရသက်တမ်းအတွင်း မွန်ပြည်နယ်တွင် ပြစ်မှုဆိုင်ရာ မူလအမှုမှာ (၂၀၁၁) ခု ဧပြီလ (၁) ရက်နေ့မှ နိုဝင်ဘာလ (၃၀) ရက်နေ့အထိ (၃၁၉၄) မှု၊ (၂၀၁၁) ခု ဒီဇင်ဘာလ (၁) ရက်နေ့မှ (၂၀၁၃) ခုနှစ် ဖေဖော်ဝါရီလ (၂၈) ရက်နေ့အထိ (၃၉၅၆) မှု၊ (၂၀၁၃) ခုနှစ် မတ်လ (၁) ရက်နေ့မှ (၂၀၁၄) ခုနှစ် ဒီဇင်ဘာလ (၃၁) ရက်နေ့အထိ (၄၆၅၅) မှု (၂၀၁၅) ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့မှ နိုဝင်ဘာလ (၃၀) ရက်နေ့အထိ (၄၂၀၁) မှုတို့ စုစုပေါင်းအာဖြင့် (၁၆၀၀၆) မှု လိုက်ပါဆောင်ရွက်ခဲ့သည်။

ဥပဒေအရာရှိမှ တရားရုံးသို့ တင်ပို့ထားသောအမှုတွဲများအား ဆက်လက်စစ်ဆေးရန်အတွက် မူလအမှုကို တင်သွင်းထားသော ဥပဒေအရာရှိနှင့်အတူ ကာယကံရှင်မှဌားရမ်းထားသောရှေ့နေ အတူတကွအချိန်မပေး နိုင်ခြင်း၊ ရဲအရေးပိုင်သောအမှုများတွင် တရားလိုသက်သေရဲဝန်ထမ်းက အခြားတာဝန်ကိုပါထမ်းဆောင်နေ ရပြီး တရားရုံးသို့လာရောက်ထွက်ဆိုရန် ပျက်ကွက်ခြင်းကြောင့် အမှုများ တိုးတက်မှုမရှိပဲ ရုံးချိန်းများပြားပြီး အမှုများကြန့်ကြာလျက်ရှိနေပါသေးသည်။

မွန်ပြည်နယ်တွင် ခရိုင်တရားရုံး (၂) ရုံးနှင့် မြို့နယ်တရားရုံး (၁၀) ရှိပါသည်။ (၂၀၁၁) ခုနှစ်မှ (၂၀၁၅) ခုနှစ် အောက်တိုဘာလကုန်အထိ ပြစ်မှုဆိုင်ရာ တရားစီရင်ရေးတွင် အစီရင်ခံကာလ၏ စာရင်းဖွင့်လက်ကျန် (၄၉၆) မှု၊ အစီရင်ခံကာလအတွင်း စွဲဆိုထားတဲ့အမှု (၄၅၀၇၄) မှု ကာလ၌ ပြီးပြတ်ခဲ့တဲ့အမှု (၄၄၂၅၆) မှု လက်ကျန် (၁၃၁၄) မှု ရှိခဲ့ပါသည်။ တရားမမှု တရားစီရင်ရေးတွင် အစီရင်ခံကာလ၏ စာရင်းဖွင့်လက်ကျန် (၆၁၈) မှု၊ အစီရင်ခံကာလအတွင်း စွဲဆိုထားတဲ့အမှု (၇၁၉၄) မှု ကာလ၌ စစ်ဆေးပြီးပြတ်ခဲ့တဲ့အမှု (၆၈၅၀) မှု လက်ကျန် (၉၇၂) မှု ရှိခဲ့ပါသည်ဟု ပြီးခဲ့သည့် ဒီဇင်ဘာလတွင် မွန်ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးခင်မောင်ကြီးက လွှတ်တော်တွင် အစီရင်ခံခဲ့သည်။

တရားလွှတ်တော် တရားစီရင်ရေးတွင် ပြစ်မှုဆိုင်ရာဥပဒေအရ အစီရင်ခံကာလ၏ စာရင်းဖွင့်လက်ကျန် (၂၅) မှု၊ အစီရင်ခံကာလအတွင်း ပြစ်မှုဆိုင်ရာဥပဒေအရာ စွဲဆိုထားတဲ့အမှု (၁၃၁၄) မှု ကာလ၌ စစ်ဆေး ပြီးပြတ်ခဲ့တဲ့အမှု (၁၂၈၆) မှု လက်ကျန် (၅၃) မှု ရှိခဲ့ကြောင်း တရားမ တရားစီရင်ရေးအရ အစီရင်ခံကာလ ၏ စာရင်းဖွင့်လက်ကျန် (၁၆၀) မှု၊ အစီရင်ခံကာလအတွင်း စွဲဆိုထားတဲ့အမှု (၉၃၁) မှု ကာလ၌ စစ်ဆေး ပြီးပြတ်ခဲ့တဲ့အမှု (၁၀၄၇) မှု လက်ကျန် (၄၅) မှု ရှိခဲ့ပါသည်။

သန့်ရှင်းသောအစိုးရ ကောင်းမွန်သောအုပ်ချုပ်ရေး ဖြစ်ပေါ်လာစေရန် နိုင်ငံတော်သမ္မတမှ အစဉ်တစိုက် လမ်းညွှန်လှျက်ရှိပြီး ထိုစနစ်ဖြစ်ထွန်းပေါ်ပေါက်လာစေရန် မွန်ပြည်နယ်အစိုးရက (၂၀-၅-၂၀၁၅) ရက်နေ့ တွင် စီမံချက်ရေးဆွဲပြီး အကောင်အထည်ဖော်လှျက်ရှိသည်ဟု မွန်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ဝင်းနိုင်ဦးက ဆိုပါသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts