spot_img
Saturday, December 13, 2025
More
    spot_img
    Homeသတင်းဘန်ကောက်မြို့နှင့်အနီးတဝိုက်တွင် အရေးပေါ်အခြေအနေထုတ်ပြန်ထား

    ဘန်ကောက်မြို့နှင့်အနီးတဝိုက်တွင် အရေးပေါ်အခြေအနေထုတ်ပြန်ထား

    -

    မင်းလုံး – ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်၌ ဆန္ဒပြနေခြင်းအပေါ် ထိုင်းအိမ်စောင့်အစိုးရက ဘန်ကောက်မြို့နှင့် အနီးပတ်ဝန်းကျင်ဒေသအချို့အား ယနေ့တွင်အာဏာသက်ရောက်သော အရေးပေါ်ကြေညာချက်ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။

    ဇန်နဝါရီ ၂၂ မှ မတ်လ ၂၂ အထိရက်ပေါင်း ၆၀ အရေးပေါ်ကာလအတွင်း အစိုးရအနေဖြင့် ကာဖြူးအမိန့်ထုတ်ခွင့်ရှိခြင်း၊ သတင်းမီဒီယာများအပေါ် ကန့်သတ်ခွင့်နှင့် နိုင်ငံရေးအရ စုဝေးခွင့်များကိုကန့်သတ်နိုင်ခြင်း၊ ဆန္ဒပြသူများကို လူစုခွဲနိုင်ခြင်းနှင့် ဖမ်းဆီးနှိမ်နင်းနိုင်ရန်အတွက် ဝန်ကြီးချူပ်က စစ်တပ်နှင့်ရဲတပ်ဖွဲ့များကို တာဝန်အပြည့်အဝပေးထားကြောင်း ထိုင်းမီဒီယာများ သတင်းရေးသားဖေါ်ပြထားသည်။

    ထိုင်းအစိုးရအရေးပေါ်ကြေညာနေစဉ် (The Nation)
    ထိုင်းအစိုးရအရေးပေါ်ကြေညာနေစဉ် (The Nation)
    ဘန်ကောက်မြို့တွင် နေထိုင်သူ မမိုးမိုးက“ဆန္ဒပြခေါင်းဆောင် ဆူထစ် ပြောတာကတော့ ဘာအ ကြောင်းကြောင့်ပဲဖြစ်ဖြစ် ဆန္ဒပြပွဲကိုတော့ ရပ်နားမှာမဟုတ်ဘူး၊ နောက်ဆုံးအသက်အန္တရယ်တွေနဲ့ကြုံခဲ့ရင် တောင်မှ အဆုံးသတ်မှာမဟုတ်ဘူး၊ လိုတာမရမချင်း ဆက်လက်ဆန္ဒပြသွားမယ်” ဟု ပြောသည်။

    ဆန္ဒပြပွဲသည်ပုံမှန်အားဖြင့် အေးအေးချမ်းချမ်းရှိသည်ဟု ဆိုနိုင်သော်လည်း ပြီးခဲ့သည့်ရက်ပိုင်းတွင် ဆန္ဒပြသမားများအား ဗုံးခွဲတိုက်ခိုက်မှုတချို့ဖြစ်ပေါ်ခဲ့သည့်အတွက် ထိုင်းနိုင်ငံရေးတွင် အကြမ်းဖက်မှုများရှိခဲ့သည့်ခေတ်ကို ပြန်သွားရန် ခြိမ်းခြောက်မှုဆန်ဆန် ဖြစ်နေသည်ဟုလည်း သတင်းဌာနများက ဝေဖန်ရေးသားကြသည်။

    ဆန္ဒပြသမားများ၏ပိတ်ဆို့ထားမှု (The Nation)
    ဆန္ဒပြသမားများ၏ပိတ်ဆို့ထားမှု (The Nation)
    ဘန်ကောက်မြို့နေ နိုင်ညွန့်က “အခုလည်း ဆန္ဒပြတဲ့လူအင်အားနည်းသွားတာတော့ မရှိဘူး၊ ဒီအရေးပေါ်ကြေညာချက်ကိုလည်း အတိုက်အခံတွေဘက်က လက်မခံဘူး၊ မနေ့အထိတော့ ဘန်ကောက်မြို့မှာ အဓိကကျတဲ့လမ်း ၂၀ ကျော်ကျော်လောက်ကတော့ပိတ်သွားပါပြီ၊ နောက်တစ်ရက်နှစ်ရက်နေရင် အစိုးရဘက်က ဘယ်လိုကိုင်တွယ်သွားမလဲဆိုတာကို စောင့်ကြည့်နေတုန်းပါပဲ” ဟု ပြောသည်။

    ယင်းအရေးပေါ်ကြေညာချက်သည် ဘန်ကောက်မြို့၊ နွန်ထပူရီ၊ ပထုံဌာနီ၊ လတ်လွမ်ကယ့်ခရိုင်၊ စမွတ်ပရာန်၊ ဘန်ဖီလိခရိုင်တို့ အကြုံးဝင်သည်ဟု The Nation သတင်းစာအင်တာနက်စာမျက်တွင် ဖေါ်ပြထားသည်။

    အစိုးရအတိုက်အခံ ဆန္ဒပြအုပ်စုက Bangkok Shutdown ခေါ် ဘန်ကောက်ပိတ်ဆို့မှုလှုပ်ရှားသည့် ၈ ရက်နေ့မြောက် ဘန်ကောက်မြို့၏အဓိကကျသောလမ်းမ ၂၀ အား ပိတ်ဆို့နိုင်ခဲ့သည့်ရက်နေ့တွင် ဝန်ကြီးချုပ်ရင်လတ် ရှင်နာဝါတ်၏ အိမ်စောင့်အစိုးရ အစည်းအဝေးမှ အရေးပေါ်အမိန့်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

    သို့ရာတွင် ထိုင်းဘုရင့်တပ်မတော်၊ ကြည်းတပ်ဦးစီးချုပ်က အင်အားသုံးနှိမ်နင်းမှုများကို စစ်တပ်အနေဖြင့် လက်မခံကြောင်း အကြိမ်ကြိမ်ထုတ်ဖေါ်ပြောဆိုနေမှုကြောင့်ဆန္ဒပြပွဲများ ချက်ချင်းရပ်တန့်မဟုတ်ကြောင်း အကဲခတ်များက သုံးသပ်နေကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts