Homeသတင်းကျပ်သိန်းတစ်ထောင်စီမံကိန်း သံဖြူဇရပ်မြို့နယ်တွင် စတင်အကောင်အထည်ဖော်

ကျပ်သိန်းတစ်ထောင်စီမံကိန်း သံဖြူဇရပ်မြို့နယ်တွင် စတင်အကောင်အထည်ဖော်

-

ခတ္တာနန်း – ပြည်ထောင်စုလွှတ်တော်၏ ဒေသဖွံ့ဖြိုးရေး ကျပ်သိန်းတစ်ထောင်စီမံချက်အစီအစဉ်ကို မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်တွင် စတင်အကောင်အထည်ဖော်နေကြောင်း သိရသည်။

ယင်းဒေသဖွံ့ဖြိုးရေးလုပ်ငန်း အကောင်းအထည်ဖော်ဆောင်မည့် သက်ဆိုင်ရာကျေးရွာ လုပ်ငန်းဖော်ဆောင်ရေး ကော်မတီများထံသို့ ထောက်ပံ့ငွေများကို ယနေ့တွင် စတင်လွဲအပ်ပေးနေကြောင်း သံဖြူဇရပ်မြို့နယ်၊ စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးမင်းလတ်က ပြောသည်။

စက်စဲကျေးရွာအုပ်စု လှာကမိုင်စာသင်ကျောင်းသို့ထောက်ပံ့ငွေပေးအပ်စဉ် (MinLatt facebook)
စက်စဲကျေးရွာအုပ်စု လှာကမိုင်စာသင်ကျောင်းသို့ထောက်ပံ့ငွေပေးအပ်စဉ် (MinLatt facebook)
ဦးမင်းလတ်က “သံဖြူဇရပ်မြို့နယ် တစ်မြို့နယ်လုံးအတွက် စီမံချက် ၂၆ ခု တင်လိုက်တယ်၊ ၂ ခုက ဒေသဖွံ့ရေးအတွက် အထောက်အကူမပြုဘူး ဆိုပြီးတော့ပယ်လိုက်တယ်၊ ကျန်တဲ့ ၂၄ ခု အကောင်းအထည်ဖော်သွားမယ်” ဟု ပြောသည်။

သံဖြူဇရပ်မြို့နယ်၏ ကျေးလက်ဒေသဖြို့ဖွံ့ရေး အစီအစဉ်များတွင် လမ်းတံတားဆောက်လုပ်ရေး၊ စာသင်ကျောင်းဆောက်လုပ်ရေးနှင့် ကျေးရွာရေကောင်းရေသန့် ရရှိရေးတို့ကို အဓိကထား ဆောင်ရွက်မည်ဟု သိရသည်။

သံဖြူဇရပ်မြို့နယ်၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဖော်ဆောင်ရေးကော်မတီအဖွဲ့ဝင် ဦးအောင်ရွှေက “စီမံကိန်းငွေတွေကို ပထမရစ်ကို ၄၀ ရာခိုင်နှုန်း၊ လုပ်ငန်းဖော်ဆောင်နေတဲ့အချိန်မှာ ၃၀ ရာခိုင်နှုန်း လုပ်ငန်း ပြီးဆုံးတဲ့ အချိန်မှာ ကျန်နေတဲ့ ၃၀ ရာခိုင်နှုန်းကို အရစ်ကျထုတ်ပေးသွားမယ်” ဟု ပြောသည်။

သို့ရာတွင် မွန်ပြည်နယ်ရှိ အခြားမြို့နယ်အသီးသီးက ယင်းဒေသဖွံ့ဖြိုးရေးအစီအစဉ်များတင်ပြထားသော်လည်း စီမံချက်မကျသေကြောင်း ချောင်းဆုံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

ဒေသဖွံ့ဖြိုးရေး အစီအစဉ်များတွင် မြို့နယ်အချို့၏ စီမံကိန်းများသည် ကျေးလက်ဖွံ့ဖြိုးရေးအတွက် အထောက်အကူမဖြစ်နိုင်သည့် စီမံကိန်းများဖြစ်နေခြင်းကြောင့်၎င်း၊ စီမံကိန်းအရေအတွက် အလွန်များပြားနေခြင်းကြောင့်၄င်း ပြန်လည်သုံးသပ်ညှိနှိုင်းနေရသောကြောင့် အချိန်နှောက်နှေးနိုင်ကြောင်း ဦးမင်းလတ်က သုံးသပ်သည်။

၂၀၁၃ ခုနှစ် ဧပြီလတွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ ပြည်သူလူထုကို တိုက်ရိုက်အကျိုးပြုမည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် ဘီလီယံကို မြို့နယ်ပေါင်း ၃၃၀ အား ပြည်ထောင်စုလွှတ်တော်မှ ဘတ်ဂျက်ငွေကျပ် ၃၃ ဘီလီယံ ချပေးထားကြောင်း၊ ဦးစားပေးအနေဖြင့် ကျေးလက်ရေရှိရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် အခြားလိုအပ်ချက်များကို အကောင်အထည်ဖော်ရန်ဟု ဆိုသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts