spot_img
Thursday, May 2, 2024
More
    spot_img
    Homeသတင်းကြံ့ဖွံ့ပါတီ မဲညစ်ပြီ

    ကြံ့ဖွံ့ပါတီ မဲညစ်ပြီ

    -

    လွတ်လပ်သော မွန်သတင်း အေဂျင်စီ – ယနေ့ ရွေးကောက်ပွဲ မဲပေးရာတွင် မွန်ပြည်နယ် မြို့နယ်အသီးသီးရှိ မဲဆန္ဒနယ် အတော်များများ၌ ကြံ့ဖွံ့ပါတီ မဲအနိုင်ရရှိရေးအတွက် မဲမသမာမှုများကို ပြုလုပ်ခဲ့ကြောင်း မဲဆန္ဒရှင်များနှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက ပြောသည်။

    မုဒုံမြို့နယ် နှင့် ချောင်းဆုံမြို့နယ်များ၌ မဲမသမာမှုများကို ပြုလုပ်ခဲ့ခြင်းကြောင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီက ကန့်ကွက်ပြောဆိုခဲ့ပြီး ကျန်မြို့နယ်များတွင်လည်း ထိုကဲ့သို့ ပြုလုပ်ခဲ့ကြောင်း ဒေသခံ အသီးသီးတို့က ပြောသည်။

    မုဒုံမြို့နယ် ညောင်ကုန်းရွာနှင့် ကော့ခလယ်များတွင် ကြံ့ဖွံ့ပါတီဝင်များ၏ ဖိအားပေးခံရသော မဲရုံမှူးများက မဲဆန္ဒရှင်များ၏ မဲပြားများတွင် ကြံ့ဖွံ့ပါတီကို မဲပေးစေခြင်း၊ ကြံ့ဖွံ့ပါတီဝင်များ ကိုယ်တိုင် မဲရုံသို့ ဝင်ကာ မဲဆန္ဒရှင်များ၏ မဲပြားများတွင် မိမိတို့၏ ကိုယ်စားလှယ်လောင်းများ နေရာတွင် အမှန်ရေးခြစ် စေခြင်းများ ပြုလုပ်ခဲ့ကြောင်း ထိုဒေသရှိ မဲရုံများတွင် စောင့်ကြည့်လျက် ရှိသော မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ပါတီဝင်များက ပြောသည်။

    “မနက် ၇ နာရီ လောက်မှာ ကြံ့ဖွံ့ပါတီက ဒီလိုမဲမသမာမှူကို လုပ်တယ်၊ ကျနော်တွေ့တော့ ကန့်ကွက်တယ်” ဟု မွန်ပါတီဝင် တစ်ဦးက ပြောသည်။

    ထို့အတူ ချောင်းဆုံမြို့နယ် မုဒွန်းရွာ မဲဆန္ဒနယ် အမှတ် (၁) တွင်လည်း မဲရုံမှူးကိုယ်တိုင် မဲဆန္ဒရှင်များအား ကြံ့ဖွံ့ပါတီကို မဲပေးနိုင်ရန် လုပ်ဆောင်နေကြောင်း ဒေသခံများက ပြောသည်။

    သံဖြူဇရပ်မြို့တွင်လည်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီအား ထောက်ခံမဲ ထည့်သူများဟု ယူဆရသော မွန်အမျိုးသား ဝတ်စုံဝတ်သူများ၏ မဲပြားများတွင် မဲရုံမှူးများက လက်မှတ်ထိုး မပေးကြောင်း မဲဆန္ဒရှင်များက ပြောသည်။

    ရေးမြို့နယ် နှင့် ကျိုက်မရောမြို့နယ် စသော မြို့နယ်များတွင် မဲကော်မရှင်များက မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီဝင်များအား ယနေ့ရွေးကောက်ပွဲတွင် မွန်အမျိုးသား ဝတ်စုံ ဝတ်ဆင်ခွင့် မပေးပဲ ကြံ့ဖွံ့ပါတီများကို ၎င်းတို့၏ ဝတ်စုံ ဝတ်ဆင်ခွင့် ပေးထားကြောင်း ရေးမြို့နယ်မှ ပါတီဝင်များက ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    23,000SubscribersSubscribe
    spot_img

    Latest posts