Homeသတင်းမဲပေးသူများ၏ ကိုယ်ရေး အချက်အလက် မှတ်တမ်းတင်ခံရ

မဲပေးသူများ၏ ကိုယ်ရေး အချက်အလက် မှတ်တမ်းတင်ခံရ

-

လွတ်လပ်သော မွန်သတင်း အေဂျင်စီ – ဆန္ဒမဲ ပေးသူများ၏ မဲပြားများတွင် ၄င်းတို့၏ မဲအမှတ်စဉ် နံပါတ်များကို မဲရုံဝန်ထမ်းများက ရေးသားထားသည့်အတွက် သူတို့၏ ကိုယ်ရေး အချက်အလက်များ မှတ်တမ်းတင် ခံရကြောင်း မွန်ပြည်နယ် မုဒုံမြို့နယ်မှ မဲဆန္ဒရှင်များက ပြောသည်။

မဲပြားတွင် မဲအမှတ်စဉ်ကို ရေးသားထားသည့်အတွက် မည်သူက မည်သည့်ပါတီကို မဲထည့်ခဲ့သည်ကို သိရှိနိုင်သည့်အတွက် လွတ်လပ်စွာ ဆန္ဒမဲပေးခြင်း မဖြစ်နိုင်ကြောင်း သူတို့က ပြောသည်။

မဲကော်မရှင်၏ မှတ်တမ်းစာအုပ်တွင်  မဲအမှတ်စဉ်နှင့်တကွ မှတ်ပုံတင်အမှတ် အပါအဝင် ကိုယ်ပိုင်အချက်အလက်များကို မှတ်တမ်းတင်ထားသည်။

“မဲနံပါတ်စဉ်က ထည့်လိုက်တဲ့ မဲပြားမှာ ပါသွားတော့ ကိုယ်ဘာထည့်သလဲ ဆိုတာကို မဲကော်မရှင်က သူတို့ မှတ်တမ်းစာအုပ်နဲ့ တိုက်ကြည့်ရင် သိနိုင်တယ်။ ကိုယ်မဲခြစ်လိုက်တဲ့ နေရာက သူတို့ မမြင်ပေမဲ့ ပြန်တိုက်ကြည့်ရင်တော့ သိနိုင်တယ်။ ပြီးရင် မဲရုံ ပတ်ဝန်းကျင်မှာလည်း သူတို့ (အာဏာပိုင်) အရိပ်တွေချည်းပဲ။” ဟု မုဒုံမြို့နယ်မှ မဲဆန္ဒရှင်တစ်ဦးက ပြောသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,800SubscribersSubscribe

Latest posts