Homeသတင်းရေးမြို့နယ် ကျောင်းရွာကျေးရွာအုပ်စုအတွင်း လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခံရမှုတွင် လူထိခိုက်မရှိဟုသိရ

ရေးမြို့နယ် ကျောင်းရွာကျေးရွာအုပ်စုအတွင်း လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခံရမှုတွင် လူထိခိုက်မရှိဟုသိရ

-

 ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာအုပ်စုအတွင်းရှိ ချောထာရွာနှင့် ကျောက်တိုင်ရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လေယာဉ်ဖြင့် စုစုပေါင်း ဗုံး ၅  လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့များမှ သိရသည်။

 သြဂုတ် ၁၁ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲတွင် ချောထာရွာကို ဗုံးကြဲချတိုက်ခိုက်ပြီးနောက် အနီးရှိ ကျောက်တိုင်ရွာကို ဆက်လက်ကြဲချတိုက်ခိုက်ခဲ့ပြီး လူထိခိုက်သေဆုံးသူမရှိကြောင်း သိရသည်။

“ ရွာအပြင်မှာ ကျသွားတာ အပင်တွေပဲ ထိသွားတယ်။ အခုကြဲသွားတာ ကရင်ထိန်းချုပ်နယ်မြေဖြစ်နေတယ်။ ကျောက်တိုင်နဲ့ ချော့ထာရွာက မနီးဘူး ဒါပေမဲ့ တစ်လမ်းတည်းဖြစ်နေတယ် ဒီဘက်မှာ လေယာဉ်မဝဲတာကြာနေပြီး အခုတလော သုံးလေရက်လောက်ပဲ ပြန်ဝဲလာတယ် နေ့ရောညရော ဒီနေ့မှ ကြဲသွားတာ” ဟု ‌ရေးချောင်းဖျားဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ရေးချောင်းဖျားဒေသတွင် လေကြောင်းကင်းလှည့်ပျံသန်းမှုများ မရှိသည်မှာ ကြာမြင့်နေပြီဖြစ်ပြီး၊ ယခုရက်ပိုင်းအတွင်း သုံးလေးရက်ခန့်သာ နေ့ညမပြတ် ပြန်လည်ဝဲပျံလာကာ သြဂုတ် ၁၁ ရက်နေ့တွင် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

ပြီးခဲ့သည့် မေလအတွင်းက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရေးချောင်းဖျားဒေသအတွင်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဂျပန်နိပွန်ဖောင်ဒေးရှင်း ဆောက်လုပ်လှူဒါန်းထားသည့် နေအိမ်များ ဗုံးထိမှန်ကာ ပျက်စီးဆုံးရှုံးခဲ့ရပြီး၊ ဒေသခံများ၏ ဥယျာဉ်ခြံမြေ အချို့လည်း ထိခိုက်ပျက်စီးမှုများ ရှိခဲ့သည်။

မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေ၊ ရေးချောင်းဖျားဒေသတွင် စစ်ကော်မရှင်စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်သည့်အပြင် ဝေဟင်မှ ကင်းထောက်ပျံသန်းမှုများ နေ့ရောညပါ လုပ်ဆောင်နေခြင်းကြောင့် ကျေးရွာ ၅ ရွာထပ်မနည်းမှ ဒေသခံ ၁၀၀၀ ကျော် တိမ်းရှောင်းခဲ့ရပြီး ပြီးခဲ့သည့် ဇူလိုင်လအတွင်းမှသာ နေရပ်ပြန်နေခဲ့ကြကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,400SubscribersSubscribe

Latest posts