Homeသတင်းမွန်အမျိုးသားကျောင်းဆရာ၊ ဆရာမများကို ရပ်ရွာလူထုက ဆက်ထောက်ပံ့သွားမည်

မွန်အမျိုးသားကျောင်းဆရာ၊ ဆရာမများကို ရပ်ရွာလူထုက ဆက်ထောက်ပံ့သွားမည်

-

မွန်အမျိုးသားပညာရေးလက်အောက်ရှိ မွန်အမျိုးသားကျောင်းများတွင် တာဝန်ထမ်းဆောင်နေသည့် ဆရာ၊ ဆရာမများကို ရပ်ရွာထူထုက ငွေကြေး ဆက်လက်ထောက်ပံ့ပေးသွားမည်ဟု သိရသည်။

မွန်အမျိုးသားကျောင်းများတွင် တာဝန်ထမ်းဆောင်နေသည့် ဆရာ၊ ဆရာမများသည် မွန်အမျိုးသားပညာရေးဌာနက ထောက်ပံ့ပေးနေသည့် လစာငွေအပြင် မွန်ရပ်ရွာလူထု၏ လှူဒါန်းငွေများဖြင့်လည်း အပိုထောက်ပံ့ငွေများ ရရှိနေသည်။

ဆရာ၊ ဆရာမများအတွက် အပိုထောက်ပံ့ငွေကို ရပ်ရွာလူထုက ပံ့ပိုးပေးလျက်ရှိပြီး ရန်ပုံငွေရရှိမှု ပမာဏပေါ်မူတည်ကာ ဆရာ၊ ဆရာမများ ရရှိသည့် အပိုထောက်ပံ့ငွေပမာဏသည်လည်း မြို့နယ်တစ်ခုနှင့် တစ်ခုအကြား မတူညီပေ။

“အပိုထောက်ပံ့ငွေက တစ်ချို့ရွာမှာ တစ်သိန်း၊ နှစ်သိန်းရနေတာလည်း ရှိတယ်။ ၂ သောင်း၊ ၃ သောင်းလောက်ပဲ ရနေတဲ့ ဆရာမတွေလည်း ရှိတယ်။ အများကြီး ပေးနိုင်တဲ့ ရွာက ဆရာ၊ ဆရာမတွေ အဆင်ပြေကြပေမဲ့ ၂ သောင်း၊ ၃ သောင်းလောက်ပဲ ရနေတဲ့ ဆရာ၊ ဆရာမတွေကတော့ အဆင်မပြေဘူးပေါ့” ဟု ကျောင်းဆရာမတစ်ဦးက ပြောသည်။

မွန်အမျိုးသားပညာရေးဌာနဘက်ကလည်း ကျောင်းဆရာ ဆရာမများအတွက် လစာထောက်ပံ့ငွေများကို တစ်ပြားတစ်ချပ်မျှ ဖြတ်တောက်ထားခြင်းမရှိဘဲ အပြည့်အဝ ထောက်ပံ့ပေးလျက်ရှိသည်ဟု မွန်အမျိုးသားပညာရေးဌာနက ထုတ်ပြန်ထားသည်။

မွန်အမျိုးသားပညာရေးလက်အောက်တွင် မူလတန်း၊ အလယ်တန်း၊ အထက်တန်းအပါအဝင် မွန်အမျိုးသားကျောင်း ၁၄၀ ကျောင်းကျော်ရှိပြီး တာဝန်ထမ်းဆောင်နေသည့် ဆရာ၊ ဆရာမဦးရေ ၈၀၀ ကျော် ရှိသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,700SubscribersSubscribe

Latest posts