Homeသတင်းအမြန်ရထားကို ခဲဖြင့် ပစ်ပေါက်သည့် ပေါင်ဒေသခံ အမျိုးသားတစ်ဦးကို ဖမ်းဆီးအရေးယူ

အမြန်ရထားကို ခဲဖြင့် ပစ်ပေါက်သည့် ပေါင်ဒေသခံ အမျိုးသားတစ်ဦးကို ဖမ်းဆီးအရေးယူ

-

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဘန့်ဘွေးကုန်းကျေးရွာအနီးတွင် ရန်ကုန် – မော်လမြိုင် အမှတ် (၈၃) အဆန် DEMU ရထားကို ခဲဖြင့် ပစ်ပေါက်ခဲ့သည်ဆိုသည့် အမျိုးသားတစ်ဦးကို ဖမ်းဆီးပြီး အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ယမန်နေ့ စက်တင်ဘာလ ၂၂ ရက်နေ့ နံနက် ၁၀ နာရီအချိန်ခန့်က ရန်ကုန်ဘူတာကြီးကနေ ထွက်ခွာလာသည့် ရန်ကုန် – မော်လမြိုင် အမှတ် (၈၃) အဆန် DEMU ရထားသည် ကျွဲခြံဘူတာအလွန် ဘန့်ဘွေးကုန်းကျေးရွာအနီးတွင် ခဲဖြင့် ပစ်ပေါက်ခံခဲ့ရသည်။

ခဲဖြင့် ပစ်ပေါက်ခံခဲ့ရမှုကြောင့် ရန်ကုန် – မော်လမြိုင် အမှတ် (၈၃) အဆန် DEMU ရထား အတွဲ (၂) နှင့် အတွဲ (၄) ပြတင်းပေါက်မှန်တစ်ချပ်စီ ပျက်ဆီးခဲ့သည်။

ခဲဖြင့် ပစ်ပေါက်ခံရမှုကြောင့် ရထားကို ရပ်တန့်လိုက်ပြီး အခင်းဖြစ်သည့် လယ်ကွင်းနေရာတွင် ဆိတ်ကျောင်းနေသည့် မသင်္ကာဖွယ် အမျိုးသားတစ်ဦးကို ရထားရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

ဖမ်းဆီးခံရသူသည် ဘန့်ဘွေးကုန်းကျေးရွာနေ အသက် ၄၅ နှစ်အရွယ် ကိုကျော်လင်းထွန်း ဖြစ်ပြီး ၎င်းနှင့်အတူ ငါးဖမ်းနေသည့် မောင်နိုင်ဆိုသူကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်ဟု လုံခြုံရေးတပ်ဖွဲ့ထံမှ သိရသည်။

စစ်ဆေးမှုပြုလုပ်ပြီး မောင်နိုင်ကို ပြန်လွှတ်ပေးခဲ့သော်လည်း ကိုကျော်လင်းထွန်းကို ဆက်လက်ဖမ်းဆီးထားသည်ဟု လုံခြုံရေးတပ်ဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“မောင်နိုင်ကိုတော့ စစ်ဆေးမေးမြန်းမှုတွေ လုပ်ဆောင်ပြီး ပြန်လွှတ်ပေးခဲ့တယ်” ဟု ဆိုသည်။

လက်ရှိတွင် ကျော်လင်းထွန်းကို ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေပုဒ်မ – ၈၄ အရ ပေါင်မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ရထားကို ခဲဖြင့် ပစ်ပေါက်သည်ဆိုပြီး ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေပုဒ်မ – ၈၄ အရ အရေးယူခံရသည့် ကိုကျော်လင်းထွန်းသည် ပြစ်မှုထင်ရှားလျှင် အနည်းဆုံး ထောင်ဒဏ် ၅ နှစ်ကနေ ထောင်ဒဏ် နှစ် ၂၀ အထိ ကျခံရနိုင်ပြီး ငွေဒဏ်ကိုပါ တပါးတည်းချမှတ်ခံရနိုင်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,700SubscribersSubscribe

Latest posts