Homeသတင်း၂၀၂၆ အာရှအားကစားပြိုင်ပွဲတွင် ထိုင်းအမျိုးသမီးဘောလီဘောအသင်း ကြေးတံဆိပ်ဆုဆွတ်ခူး

၂၀၂၆ အာရှအားကစားပြိုင်ပွဲတွင် ထိုင်းအမျိုးသမီးဘောလီဘောအသင်း ကြေးတံဆိပ်ဆုဆွတ်ခူး

-

ဂျပန်နိုင်ငံတွင် ကျင်းပလျက်ရှိသည့် ၂၀၂၆ အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလီဘောပြိုင်ပွဲ၏ ကြေးတံဆိပ်လုပွဲ၌ ထိုင်းအမျိုးသမီးဘောလီဘောအသင်းသည် တောင်ကိုရီးယားအသင်းကို ၃-၀ စက် ဖြင့် အနိုင်ရရှိပြီး ကြေးတံဆိပ်ဆုကို ဆွတ်ခူးသွားခဲ့သည်။

အင်္ဂါနေ့က Park Arena Komaki ကွင်း၌ ကျင်းပခဲ့သည့် အဆိုပါ ကြေးတံဆိပ်လုပွဲတွင် ကမ္ဘာ့အဆင့် ၁၃ ရှိ ထိုင်းအသင်းသည် ကမ္ဘာ့အဆင့် ၂၈ ရှိ တောင်ကိုရီးယားအသင်းနှင့် ရင်ဆိုင်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။

ထိုင်းအသင်းသည် ဆီမီးဖိုင်နယ်ပွဲစဉ်တွင် တရုတ်အသင်းကို ၂-၃ စက် ဖြင့် ကပ်မက အရေးနိမ့်ခဲ့ရခြင်းဖြစ်ပြီး တောင်ကိုရီးယားအသင်းမှာမူ အိမ်ရှင်ဂျပန်အသင်းကို ဝ-၃ စက် ဖြင့် ရှုံးနိမ့်ခဲ့ရသည်။

ထိုင်းအသင်းသည် ပွဲကို အစအဆုံး စိုးမိုးကစားနိုင်ခဲ့ပြီး ၂၅-၂၀၊ ၂၅-၁၉၊ ၂၅-၂၃ စက်ရလဒ်များဖြင့် ပြတ်ပြတ်သားသား အနိုင်ရရှိခဲ့သည်။

ယခုနိုင်ပွဲသည် ထိုင်းအမျိုးသမီး ဘောလီဘောအသင်းအတွက် အာရှအားကစားပြိုင်ပွဲ သမိုင်းတွင် တတိယမြောက် ကြေးတံဆိပ်ဆု ရရှိခဲ့ခြင်းလည်း ဖြစ်သည်။

၂၀၂၆ အာရှအားကစားပြိုင်ပွဲဝင် ထိုင်းအားကစားသမားများအတွက် အမျိုးသားအားကစားဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေအဖွဲ့ (NSDF) ၏ ဆုကြေးငွေ ချီးမြှင့်ရေးအစီအစဉ်အရ ရွှေတံဆိပ်ရရှိပါက ဘတ် ၂ သန်း၊ ငွေတံဆိပ်ရရှိပါက ဘတ် ၁ သန်းနှင့် ကြေးတံဆိပ်ရရှိပါက ဘတ် ၅ သိန်း ချီးမြှင့်မည်ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,700SubscribersSubscribe

Latest posts