Homeသတင်းဘန်ကောက်မြို့ ဘားမီးလောင်မှုတွင် သေဆုံးသူ ၃၁ ဦးအထိ မြင့်တက်

ဘန်ကောက်မြို့ ဘားမီးလောင်မှုတွင် သေဆုံးသူ ၃၁ ဦးအထိ မြင့်တက်

-

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ဖြစ်ပွားခဲ့သည့် စားသောက်ဆိုင်နှင့် ဖျော်ဖြေရေး(ဘား) မီးလောင်မှုအတွင်း ဒဏ်ရာရရှိထားသူများအနက် ထပ်မံသေဆုံးသူများရှိလာသဖြင့် သေဆုံးသူဦးရေ ၃၁ ဦးအထိ မြင့်တက်လာကြောင်း သိရသည်။

ဇူလိုင် ၁၂ ရက်နေ့ တနင်္ဂနွေနေ့ ည ၁၁ နာရီ ၅၇ မိနစ်ခန့်တွင် Rong Beer Na Lat Phrao ဆိုင်အတွင်း လာရောက်အပန်းဖြေသူများ ပြည့်နှက်နေချိန်၌ မီးလောင်းမှုဖြစ်ပွားခဲ့သဖြင့် လူ ၂၇ ဦး ဘားအတွင်း သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူ အများအပြားရှိခဲ့သည်။

ထိခိုက်ဒဏ်ရာရရှိသူများအား ဆေးရုံကြီးတွင် အရေးပေါ် ဆေးကုသမှုများ လုပ်ဆောင်နေစဉ် ယမန်နေ့ ဇူလိုင် ၁၄ ရက်နေ့ ည‌နေပိုင်းအထိ လူ ၄ ဦး ထပ်မံသေဆုံးခဲ့ရသည်။

သေဆုံးသူ ၃၁ ဦးသည် အမျိုးသမီး ၁၈ ဦးနှင့် အမျိုးသား ၁၃ ဦး ပါဝင်ပြီး ၎င်းတို့အနက်မှ သေဆုံးသူ ၁ ဦးသည် မည်သူမည်ဝါဖြစ်ကြောင်း လက်ရှိအချိန်ထိ ဖော်ထုတ်နိုင်ခြင်းမရှိသေးပေ။

ထို့အပြင် ဆေးရုံတင်ထားရသူများအနက် “Rong Beer Na Lat Phrao” ၏ ဆိုင်ပိုင်ရှင်နှင့် အဆိုတော်နှစ်ဦး အပါအဝင် လူ ၂၄ ဦးသည် အထူးကြပ်မတ်ကုသဆောင် (ICU) ၌ ကုသမှုခံယူနေရပြီး အသက်အန္တရာယ် စိုးရိမ်နေရသည် အခြေအနေတွင် ရှိနေဆဲဖြစ်သဖြင့် သေဆုံးသူအရေအတွက် ထပ်မံတိုးလာမည်ကို စိုးရိမ်နေကြရသည်။

အဆိုပါမီးလောင်းမှုကြောင့် စုစုပေါင်းဒဏ်ရာရသူ ၁၇၀ ကျော်ရှိပြီး လူ ၁၃၂ ဦးသည် အလယ်အလတ်အခြေအနေတွင် ရှိပြီး ၄၀ ဦးသည် အသေးစားဒဏ်ရာများ ရရှိခဲ့သည်ဟု တရားဝင်ဆေးရုံစာရင်းဇယားများမှ ထုတ်ပြန်ထားကြောင်း MGR Onlineတွင် ဖော်ပြထားချက်အရသိရသည်။

ရဲတပ်ဖွဲ့အနေဖြင့် အရေးပေါ်ထွက်ပေါက်များ ပိတ်ဆို့ထားမှုနှင့် ဘေးကင်းလုံခြုံရေး စံနှုန်းများ ပျက်ကွက်မှုအပေါ် ဆိုင်ပိုင်ရှင်နှင့် တာဝန်ရှိသူများကို ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရန် အရှိန်အဟုန်မြှင့် စုံစမ်းစစ်ဆေးလျက် ရှိပါသည်။

ထိုင်းဝန်ကြီးချုပ် Anutin Charnvirakul က မီးလောင်မှု ဖြစ်ပွားခဲ့သည့် “Rong Beer Na Lat Phrao” ဖျော်ဖြေရေးဆိုင်၏ လုပ်ငန်းလိုင်စင်ကို အပြီးပိုင်ပိတ်သိမ်းလိုက်သည့်အပြင် ထိုင်းနိုင်ငံတစ်ဝန်းရှိ ဖျော်ဖြေရေးကလပ်၊ ဘားများနှင့် အဆောက်အအုံများအားလုံးကို ရက်ပေါင်း ၃၀ အတွင်း အရေးပေါ်မီးဘေးလုံခြုံရေး စစ်ဆေးမှုများ ပြုလုပ်ရန်လည်း ညွှန်ကြားထားသည်။

ကိုးကား- The Thaiger

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts