Homeသတင်းစံခလပူရီတစ်ဝိုက် ဈေးရောင်းနေသူ အမျိုးသမီးတစ်ဦးထံ မူးယစ်ဆေးဝါးအမြောက်အမြား ဖမ်းဆီးရမိ

စံခလပူရီတစ်ဝိုက် ဈေးရောင်းနေသူ အမျိုးသမီးတစ်ဦးထံ မူးယစ်ဆေးဝါးအမြောက်အမြား ဖမ်းဆီးရမိ

-

ကန်ချနဘူရီခရိုင်၊ စံခလပူရီတစ်ဝိုက် ဈေးရောင်းနေသူ အမျိုးသမီးတစ်ဦးထံတွင် စိတ်ကြွဆေးပြား ၅ သောင်းကျော်နှင့် ကတ်တမင်း ၁ ကီလိုဂရမ်ကျော်ကို အာဏာပိုင်များက သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

စံခလပူရီ-ထောင်ဖာဖွန်ကြာရှိ ရန်တီ (Ranti) တံတား စစ်ဆေးရေးဂိတ်တွင် ပြီးခဲ့သည့် ဇွန်လ ၁၇ ရက်နေ့၊ ည ၇ နာရီအချိန်က အမျိုးသမီးတစ်ဦး မောင်နှင်းလာသည့်ကားကို ဂိတ်ရှိ ထိုင်းအာဏာပိုင်များက တားဆီးစစ်ဆေးရာမှ ရှာဖွေတွေ့ရှိခဲ့သည်ဟု ဒေသတွင်း သတင်းမီဒီယာများတွင် ဖော်ပြသည်။

ကန်ချနပူရီလိုင်စင်နံပါတ်ပါ အနက်ရောင် Nissan Navara ပစ်ကပ်ထရပ်ကား၏ တံခါးအတွင်း၌ စိတ်ကြွဆေးပြား ၅၁,၉၉၈ ပြား၊ ကိတ်တမင်း ၁,၀၈၀ ဂရမ်၊ ငွေသား ၈,၈၆၀ ဘတ်ကိုပါ လျှို့ဝှက်သယ်ဆောင်လာသည်။

စစ်ဆေးမေးမြန်းချက်အရ သူမသည့် မူးယစ်ဆေးဝါးများကို တစ်ဆင့်ခံ သယ်ဆောင်ပေးနေသူတစ်ဦးဖြစ်သည်ဟု ထွက်ဆိုထားသည်။

အဆိုပါအမျိုးသမီးသည် ကန်ချနပူရီ၊ သာမကာခရိုင်၊ ခေါင်ဆမ်ဆစ်ဟပ်မြို့နယ်တွင် နေထိုင်သူဖြစ်ပြီး ထောင်ဖာဖွန်နှင့် စံခလပူရီတစ်ဝိုက် ဈေးရောင်းနေသူတစ်ဦး ဖြစ်သည်။

နယ်စပ်မှ ထောင်ဖာဖွန်အထိ မူးယစ်ဆေးဝါးများကို သယ်ဆောင်ပေးရန်အတွက် တစ်ကြိမ်လျှင် ခရီးစဉ်စရိတ် ဘတ် ၁၅,၀၀၀ ရရှိကြောင်းနှင့် ထောင်ဖာဖွန်စစ်ဆေးရေးဂိတ်ကို ၇ ကြိမ်တိုင်တိုင် အောင်မြင်စွာ ဖြတ်သန်းသယ်ဆောင်ဖူးကြောင်းလည်း ထွက်ဆိုထားသည်။

လက်ရှိတွင် ထိုင်းအာပိုင်ဏာပိုင်များက မူးယစ်ဆေးဝါးဥပဒေဖြင့် ထိရောက်စွာ အရေးယူနိုင်ရန် စံခလပူရီရဲစခန်းသို့ ပို့ဆောင်ထိန်းသိမ်းထားကြောင်း သိရသည်။

အဆိုပါ ဈေးသည်အမျိုးသမီးနှင့် ဆက်စပ်နေသည့် နောက်ကွယ်မှ တရားခံအဆင့်ဆင့်ကို ဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် ကွင်းဆက်များကို ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

ကိုးကား-MGR Online

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,100SubscribersSubscribe

Latest posts