Homeသတင်းထိုင်းတောင်ပိုင်း တိုက်ခိုက်မှုများအပေါ် လုံခြုံရေးအဖွဲ့များ ပြန်လည်သုံးသပ်မည်

ထိုင်းတောင်ပိုင်း တိုက်ခိုက်မှုများအပေါ် လုံခြုံရေးအဖွဲ့များ ပြန်လည်သုံးသပ်မည်

-

ထိုင်းနိုင်ငံ တောင်ပိုင်းနယ်စပ်ပြည်နယ် သုံးခုတွင် ဖြစ်ပွားခဲ့သော မငြိမ်မသက်မှုများနှင့်ပတ်သက်၍ လုံခြုံရေးအေဂျင်စီများနှင့် တွေ့ဆုံသုံသပ်သွားမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Sihasak Phuangketkeow (ဆီဟာဆက် ဖွန်ကက်ကယောက်) က အစိုးရအိမ်တော်မှတစ်ဆင့် ယနေ့တွင် ပြောကြားလိုက်သည်။

တိုက်ခိုက်မှုများ ဖြစ်လာနိုင်ကြောင်း ကြိုတင်သတင်းရရှိခဲ့သော်လည်း အချိန်နှင့် ပမာဏကို တိကျစွာ ခန့်မှန်းနိုင်ခဲ့ခြင်းမရှိကြောင်း ၎င်းက ဝန်ခံခဲ့သည်။

တောင်ပိုင်းနယ်စပ်ပြည်နယ်များရှိ ပြဿနာများဖြေရှင်းရေး အစိုးရအထူးကိုယ်စားလှယ်ကော်မတီ၏ ဥက္ကဋ္ဌလည်းဖြစ်သူ ဆီဟာဆက်က အစိုးရအိမ်တော်တွင် နံနက် ၈ နာရီ ၃၅ မိနစ်၌ ပြောကြားရာတွင် ဝန်ကြီးချုပ် Anutin Charnvirakul (အနုတင် ချန်ဗီရကူးလ်) အပါအဝင် သက်ဆိုင်ရာအေဂျင်စီများနှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

“ဒီဖြစ်စဉ်က စိုးရိမ်စရာကောင်းပါတယ်။ ထောက်လှမ်းရေးသတင်းတွေနဲ့ပတ်သက်ပြီး အမှန်တရားကို ရင်ဆိုင်ရပါမယ်။ ဒီစစ်ဆင်ရေးဖြစ်လာမယ်ဆိုတာ ကျွန်တော်တို့ ကြိုသိခဲ့ပါတယ်” ဟု ၎င်းက ဆိုသည်။

တိုက်ခိုက်မှုများ၏ နောက်ကွယ်တွင် မည်သူပါဝင်နေသည်ကို အာဏာပိုင်များအနေဖြင့် အကဲဖြတ်ရန် လိုအပ်ပြီး လုံခြုံရေးပြင်ဆင်မှုများကို နေရာတိုင်းတွင် ပိုမိုတင်းကျပ်စေရန် ပြန်လည်သုံးသပ်သွားရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ကြိုတင်သတင်းရရှိထားသော်လည်း ဖြစ်စဉ်ပေါင်း ၅၀ ကျော်အထိ မည်သို့ဖြစ်ပွားခဲ့သနည်းဆိုသည့် မေးခွန်းနှင့်ပတ်သက်၍ ဆီဟာဆက်က ထောက်လှမ်းရေးအဖွဲ့များအနေဖြင့် တိုက်ခိုက်မှုများ စီစဉ်နေကြောင်း သိကောင်းသိနိုင်သော်လည်း မည်သည့်အချိန်တွင် ဖြစ်ပွားမည်ကို အတိအကျခန့်မှန်းရန်မှာ ပိုမိုခက်ခဲကြောင်း ဖြေကြားခဲ့သည်။

“တစ်ခါတလေမှာ ဒီလိုစစ်ဆင်ရေးမျိုးတွေက နေရာခွဲပြီးလုပ်တတ်တော့ ကြိုတင်ခန့်မှန်းဖို့ဆိုတာ မလွယ်ကူပါဘူး” ဟု ၎င်းက ဆိုသည်။

အထူးသဖြင့် အရပ်သားများ ထိခိုက်မှုမရှိစေရန်အတွက် အလားတူဖြစ်ရပ်များကို ဟန့်တားကာကွယ်နိုင်ရန် အာဏာပိုင်များ၏ ထောက်လှမ်းရေးလုပ်ငန်းစဉ်များနှင့် အသင့်ဖြစ်မှုအခြေအနေ နှစ်ခုစလုံးကို ပြန်လည်သုံးသပ်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဖြစ်စဉ်များကြောင့် ထိခိုက်နစ်နာသူများကို အပြည့်အဝ ကူညီထောက်ပံ့မှုနှင့် လျော်ကြေးငွေများ ပေးအပ်ရန် ဝန်ကြီးချုပ်က ညွှန်ကြားထားကြောင်း ဆီဟာဆက်က ထပ်လောင်းပြောဆိုသည်။

မသင်္ကာသူ တိုက်ခိုက်ရေးသမားများ နယ်စပ်ဖြတ်ကျော် ထွက်ပြေးမှုမရှိစေရန် မလေးရှားနိုင်ငံနှင့် ညှိနှိုင်းဆောင်ရွက်ထားခြင်း ရှိမရှိ မေးမြန်းရာတွင် ထိုင်းနိုင်ငံဘက်က တောင်းဆိုလာပါက မလေးရှားအနေဖြင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိနေကြောင်း ၎င်းက ဆိုသည်။

ပုံမှန်ထက် များပြားလွန်းသည့် တိုက်ခိုက်မှုဖြစ်စဉ် အရေအတွက်များကြောင့် တာဝန်ရှိသူများ ကိုယ်တိုင် ပါဝင်ပတ်သက်နေနိုင်ကြောင်း စိုးရိမ်မှုများရှိနေခြင်းအပေါ် ဆီဟာဆက်က ကောက်ချက်မချမီ သက်ဆိုင်ရာ အေဂျင်စီများနှင့် အဆိုပါကိစ္စကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဖြေကြားခဲ့သည်။

ကိုးကား-Khaosod English 

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,500SubscribersSubscribe

Latest posts