Homeသတင်းမြန်မာဒုက္ခသည်များအတွက် ထိုင်းအစိုးရမှ တရားဝင်အလုပ်လုပ်ခွင့် သက်သေခံကတ်ပြား ထုတ်ပေး

မြန်မာဒုက္ခသည်များအတွက် ထိုင်းအစိုးရမှ တရားဝင်အလုပ်လုပ်ခွင့် သက်သေခံကတ်ပြား ထုတ်ပေး

-

ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင် ဆယ်စုနှစ်ချီနေထိုင်နေကြသည် မြန်မာဒုက္ခသည်များကို ဇွန် ၁၇ ရက်မှစ၍ စခန်းပြင်ပမှ တရားဝင်အလုပ်လုပ်ကိုင်ခွင့် သက်သေခံကတ်ပြားကို ထိုင်းအစိုးရက ထုတ်လုပ်ပေးမည်ဟု ထိုင်းသတင်း‌ဖော်ပြချက်အရ သိရသည်။

ကတ်ထုတ်လုပ်ပေးသည့် လုပ်ငန်းစဉ်နှင့်ပတ်သတ်၍ ပြီးခဲ့သည့် ဇွန်လ ၈ ရက်နေ့က ထိုင်းအစိုးရတာဝန်ရှိသူများနှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တာဝန်ရှိသူများက ပထုန်ထာနီခရိုင်၊ လမ်းလူက္ကာမြို့နယ်၊ သန်းခေါင်စာရင်းစီမံခန့်ခွဲမှုဗဟိုဌာနတွင် အစမ်းထုတ်ပေးမှုများလုပ်ဆောင်နေသည်။

ဒုက္ခသည်များအတွက် ထုတ်ပေးမည့် ပန်းရောင်သက်သေခံကတ်ပြားသည် ထိုင်းနိုင်ငံသားမဟုတ်သူများ ကိုင်ဆောင်သည့် ပန်းရောင်နှင့် ဆင်တူပြီး 000 ဖြင့် စတင်သည့် ဂဏန်း ၁၃ လုံးပါ မှတ်ပုံတင်နံပါတ် ရိုက်နှိပ်ထားမည် ဖြစ်သည်။

ကတ်ရရှိပြီးနောက် မိသားစုအတွင်း ကလေးမွေးဖွားခြင်းနှင့် လူသေဆုံးခြင်းဆိုင်ရာ ကိစ္စရပ်များကို ထိုင်းအာဏာပိုင်များထံ တရားဝင် အကြောင်းကြားခွင့်ရှိမည် ဖြစ်သည်။

လက်ရှိ ထိုင်းအစိုးရ ထုတ်ပေးမည့် သက်သေခံကတ်ပြားကို ရရှိပါက အပြင်ထွက် အလုပ်လုပ်ကိုင်ခွင့်၊ ဘဏ်အကောင့်ဖွင့်ခြင်း၊ ဖုန်း SIM တတ် ဝယ်ယူအသုံးပြုနိုင်ခြင်း၊ ကျန်းမာရေးအာမခံ ရရှိနိုင်ခြင်းနှင့် တခြားသော အကျိုးခံစားခွင့်ကိုလည်း ရရှိမည်ဖြစ်သည်။

ထိုင်းအစိုးရမှ နယ်စပ်ရှိ မြန်မာဒုက္ခသည်များကို တရားဝင် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်းသည် အရှေ့တောင်အာရှအပါအဝင် အာရှဒေသတွင်း ရေရှည်နေရပ်စွန့်ခွာမှုပြဿနာကို ရင်ဆိုင်နေရသည့် အခြားနိုင်ငံများအတွက် အတုယူသင့်သော စံနမူနာကောင်းတစ်ခုဖြစ်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တာဝန်ရှိသူက ပြောကြားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts