၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် ပူးတွဲလက်ခံကျင်းပသည့် မက္ကဆီကိုအသင်းသည် ကြာသပတေးနေ့က ကျင်းပခဲ့သော အဖွင့်ပွဲစဉ်တွင် တောင်အာဖရိကအသင်းကို ၂ ဂိုး – ၀ ဂိုးဖြင့် အနိုင်ယူကာ ကမ္ဘာ့ဖလားပွဲတော်ကြီးကို အောင်မြင်စွာ စတင်ဖွင့်လှစ်ပေးခဲ့သည်။
ဂျူလီယန် ကွီနိုနက်စ်နှင့် ရာအူးလ် ဟီမင်နက်ဇ်တို့၏ သွင်းဂိုးများနှင့်အတူ မက္ကဆီကို အသင်းသည့် တောင်အာဖရိကအသင်းကို အနိုင်ရရှိပြီး အဖွင့်လှခဲ့သည်။
၎င်းအပြင် ဖွင့်ပွဲအခမ်းအနား၏ မီးရှူးမီးပန်း မီးခိုးငွေ့များကြား ပရိသတ်များဖြင့် လျှံထွက်နေသော Azteca ကွင်းကြီးအတွင်းရှိ အဆိုပါပွဲစဉ်သည် အနီရောင်ကတ်ပြား (၃) ကတ်အထိ ထွက်ပေါ်ခဲ့ကာ အခြေအနေ တင်းမာကြမ်းတမ်းခဲ့သည့် ပွဲစဉ်တစ်ပွဲ ဖြစ်ခဲ့သည်။
ဤပွဲစဉ်သည် (၄) နှစ်တစ်ကြိမ် ကျင်းပသည့် ကမ္ဘာ့ဖလား ဘောလုံးပွဲတော်ကြီးအတွက် အချက်ပေးခေါင်းလောင်းတစ်ခုဖြစ်စေသော်လည်း စိတ်လှုပ်ရှားစရာ ကစားကွက်များကြောင့် မဟုတ်ဘဲ ကွင်းထုတ်ခံရသည့် (အနီရောင်ကတ်) အများအပြား ရှိခဲ့မှုကြောင့်သာ လူမှတ်မိစရာ ဖြစ်လာနိုင်ဖွယ် ရှိသည်။
၂၀၂၆ ကမ္ဘာဖလားပြိုင်ပွဲ၏ အဖွင့်ပွဲများတွင် ကမ္ဘာကျော်တေးသံရှင်များဖြစ်ကြသည့် ရှာကီရာ (Shakira)၊ ကေတီပယ်ရီ (Katy Perry)၊ မိုက်ကယ်ဘူဘီပေး (Michael Bublé)၊ ရက်မာ (Rema)၊ ကိုလံဘီယာစတား ဂျေဘယ်လ်ဗင် (J Balvin)၊ ရက်ပါ ဖျူချာ (Future)၊ အလန်းနစ်မောရစ်ဆက် (Alanis Morissette)နှင့်အတူ BLACKPINK အဖွဲ့ဝင်ဖြစ်သည့် လီဆာ (LISA) အပါအဝင် နိုင်ငံတကာမှ ထိပ်တန်းအနုပညာရှင်များစွာ ပါဝင်ကပြဖျော်ဖြေသွားမည်ဟု သိရသည်။
ပထမဆုံးအကြိမ်အဖြစ် အိမ်ရှင်သုံးနိုင်ငံတွင် ပူးတွဲကျင်းပမည့် ၂၀၂၆ ကမ္ဘာဖလားပြိုင်ပွဲကြီး၏ ဖွင့်ပွဲအခမ်းအနားကို တစ်နေ့တည်းတစ်နေရာတည်းတွင် ကျင်းပမည်မဟုတ်ဘဲ နိုင်ငံအလိုက် သီးခြားဖွင့်ပွဲ (၃) ခု ဖြင့် ဆင်နွှဲနေကြောင်းလည်း သိရသည်။






ကိုးကား-Reuters



