Homeသတင်း(၁၁) ကြိမ်မြောက် စံခလပူရီ နွေရာသီမွန်စာပေသင်တန်းဆင်းပွဲတွင် ကျောင်းသားကျောင်းသူပေါင်း ၇၈ ဦးအား ဂုဏ်ပြုဆုချီးမြှင့်

(၁၁) ကြိမ်မြောက် စံခလပူရီ နွေရာသီမွန်စာပေသင်တန်းဆင်းပွဲတွင် ကျောင်းသားကျောင်းသူပေါင်း ၇၈ ဦးအား ဂုဏ်ပြုဆုချီးမြှင့်

-

စံခလပူရီမြို့နယ်၊ ဝင်းကဝိဝေကာရာမဌာနကျောင်းတိုက် သံဃာတော်များနှင့် စာပေအရေးလှုပ်ရှားသည့် ဒေသခံ ရပ်မိရပ်ဖများပူးပေါင်း ဖွင့်လှစ်ထားသည့် ၁၁ ကြိမ်မြောက် နွေရာသီ မွန်စာပေသင်တန်းမှ ဖြေဆိုအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူ ၇၈ ဦးအား ယနေ့တွင် ဂုဏ်ပြုဆုချီးမြှင့်ခဲ့ကြောင်း သိရသည်။

၁၁ ကြိမ်မြောက် နွေရာသီမွန်စာပေသင်တန်းဆင်းပွဲကို ယနေ့ မေလ ၂၃ ရက်နေ့တွင် ဝင်းကရွာ၊ ရွာလယ်ဇရပ်၌ ဖျော်ဖြေရေးအစီအစဉ်၊ ဧည့်ခံကျွေးမွေးရေးအစီအစဉ်များဖြင့် ကျင်းပပြုလုပ်ခဲ့သည်။

ယခုနှစ် နွေရာသီမွန်စာပေသင်တန်းတွင် အငယ်တန်း၊ ပထမတန်းနှင့် ဒုတိယတန်းအပြင် မွန်စာပေသမိုင်းတန်းများဖြစ်သည့် မုတ္တမသမိုင်းတန်၊ ဟံသာဝတီသမိုင်းတန်း၊ အဘိဓမ္မာတန်း၊ ယဉ်ကျေးမှုတန်းများဖြင့် ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး စာမေးပွဲဝင်ရောက်ဖြေဆိုသူ ၁၈၆ ဦး ရှိကြောင်း သိရသည်။

အဆိုပါ ကျောင်းဆင်းပွဲအခမ်းအနားတွင် စံခလပူရီမြို့နယ် အုပ်ချုပ်ရေးအဖွဲ့များ၊ မွန်သံဃာတော်များ၊ စာပေအရေးလှုပ်ရှားသူများအပါအဝင် ဖိတ်ကြားထားသည့် မွန်ဖျော်ဖြေရေးအဖွဲ့များ ပါဝင်တက်ရောက်ခဲ့သည်။

စံခလပူရီမြို့နယ်သည် ထိုင်းနိုင်ငံ၊ ကန်ချနပူရီခရိုင်ရှိ မြို့နယ် ၁၃ မြို့နယ်အနက် တစ်ခုအပါအဝင်ဖြစ်ပြီး၊ မွန်လူမျိုးများ အခိုင်အမာ ခြေချနေထိုင်လျက်ရှိသလို အခြားတိုင်းရင်းသား လူမျိုးပေါင်းစုံနှင့် ယဉ်ကျေးမှုပေါင်းစုံ စုစည်းရာ ဒေသတစ်ခုလည်း ဖြစ်သည်။

အထူးသဖြင့် မိခင်ဘာသာစကား ပြောဆိုမှု အားနည်းလာနေသည့် စံခလပူရီဒေသခံ ကလေးသူငယ်များအတွက် ယခုကဲ့သို့ နွေရာသီ မွန်စာပေသင်တန်း ဖွင့်လှစ်ပေးနိုင်ခြင်းသည် မိမိတို့၏ စာပေနှင့် ဘာသာစကား ရေရှည်သက်ဝင် ရှင်သန်ကျန်ရစ်စေမည့် အဓိကသော့ချက်တစ်ခု ဖြစ်နေသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,500SubscribersSubscribe

Latest posts