Homeသတင်းသရက်ချောင်းတွင် လေကြောင်းတိုက်ခိုက်ခံရပြီး မိသားစုဝင်များဖြစ်သည့် အမျိုးသမီးငယ် ၂ ဦးနှင့် အမျိုးသား ၁ ဦး သေဆုံး

သရက်ချောင်းတွင် လေကြောင်းတိုက်ခိုက်ခံရပြီး မိသားစုဝင်များဖြစ်သည့် အမျိုးသမီးငယ် ၂ ဦးနှင့် အမျိုးသား ၁ ဦး သေဆုံး

-

တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် သရက်ချောင်းမြို့နယ်၊ ဥတ္တူရွာနှင့် စောဖျားရွာအတွင် စစ်တပ်မှလေယာဉ်ဖြင့် မေ ၂၁ ရက်နေ့ ဗုံးကြဲတိုက်ခိုက်မှု ထပ်မံလုပ်ဆောင်ခဲ့ပြီး မိသားစုဝင်များဖြစ်ကြသည့် အမျိုးသမီးငယ် ၂ ဦးနှင့် အမျိုးသား၁ ဦး သေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသတွင်းတင်းအရင်းမြစ်များက ပြောသည်။

ဥတ္တူကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့သည့် အဆိုပါလေကြောင်းတိုက်ခိုက်မှုတွင် နေအိမ်တစ်အိမ်ရှိ အသက် ၁၄ နှစ်အရွယ် နှင့် ၂၀ နှစ်အရွယ် အမျိုးသမီးငယ် ၂ ဦးအပါအဝင် အသက် ၃၀နှစ် အရွယ် အမျိုးသား ၁ ဦး သေဆုံးခဲ့ရသည်။

ဒေသခံ အမျိုးသမီးတစ်ဦးက “ သက်သက်လာဗုံးလာကြဲသွားတာ ဗုံးက အိမ်ရှေ့မှာကျသွားတာ အိမ်အောက် အိပ်နေတဲ့ ကလေးတွေ ပွဲချင်းပြီးပဲ။ မိန်ကလေးနှစ်ယောက်နဲ့ ယောက်ျားလေးတစ်ယောက် နောက်ပြီးတော့ သူတို့အ‌ဖေ၊အမေ၊ ဦးလေးတွေက ဒဏ်ရာရသွားတယ်။ အကုန်လုံးက မိသားစု ဆွေမျိုးတွေပဲ ဒီကို အလည်လာကြတာ” ဟု ပြောသည်။

ဆွေမျိုးနှင့် မိသားစုဝင်များဖြစ်သော အခြားမိသားစုဝင် ၄ ဦးလည်း ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သူမက ဆိုသည်။

ကျည်ထိမှန်ဒဏ်ရာရရှိထားသူများကို ထားဝယ်ပြည်သူ့ဆေးရုံးတွင် ဆေးကုသခံယူနေပြီး အသက် ၅၀ အမျိုးသားတစ်ဦးသည် ဦးနှောက်တွင် ပြင်းထန်ထိခိုက်ဒဏ်ရရှိခဲ့ပြီး စိုးရိမ်ရကြောင်းလည်း ဆိုသည်။

ယနေ့ နေ့လည် ၁၂ နာရီအချိန့်တွင်လည်း စစ်တပ်လေယာဉ်များ ပျံဝဲနေပြီး ဒေသခံအများစု ထပ်မံတိုက်ခိုက်ခံရမည်ကို စိုးရိမ်နေကြောင်းလည်း အထက်အမျိုးသမီးက ဆက်ပြောသည်။

“ဒီနေ့လဲ လေယာဉ်ဝဲနေတယ် အတက်အဆင်းလုပ်နေတယ် ဝင်းဝဘက်ကိုသွားလိုက် ဒီဘက်လာလိုက်နဲ့ ရွာသားတွေလဲ ကြောက်နေကြတယ် မနေ့ကဖြစ်သွားတာ အကုန်လန့်နေကြတယ် အိမ်အောက်မှာပဲ နေရမလားအိမ်ပေါ်မှာပဲ နေရင်ကောင်းမလားလို့ ဖြစ်နေကြတာ” ဟု ပြောသည်။

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ကျွဲထိန်းကုန်းရွာတွင် ယမန်နေ့ မေလ ၂၁ ရက်နေ့ ညနေက စစ်တပ်မှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသား ၁ ဦးသေဆုံးပြီး ကလေးအပါအဝင် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။

ဧပြီလအတွင်း တိုက်ပွဲ၊ လေကြောင်းနှင့် ရေကြောင်းက တိုက်ခိုက်ခံရမှုများကြောင့် တနင်္သာရီတိုင်းတွင် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသူ အနည်းဆုံး ၈၃၇၀၀ ဝန်းကျင်ရှိသည်ဟု FE5 တနင်္သာရီ အချက်အလက်များတွင် ဖော်ပြသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts