Sunday, April 5, 2026
More
    spot_img
    Homeသတင်းစစ်မှုထမ်းဥပဒေတစ်နှစ်ပြည့်ချိန်တွင် ပြည်သူတို့၏လုံခြုံရေး အဆိုးဆုံးအခြေနေရောက်ရှိနေ

    စစ်မှုထမ်းဥပဒေတစ်နှစ်ပြည့်ချိန်တွင် ပြည်သူတို့၏လုံခြုံရေး အဆိုးဆုံးအခြေနေရောက်ရှိနေ

    -

    အာဏာသိမ်းစစ်ကောင်စီမှ ပြဌာန်းလိုက်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေတစ်နှစ်ပြည့်ကာလအတွင်း ပြည်သူတို့၏လုံခြုံရေး အဆိုးဆုံးအခြေနေသို့ရောက်ရှိလာသည်ဟု လူ့အခွင့်အရေးလှုပ်ရှားသူနှင့် မွန်ဒေသခံတို့ပြောဆိုလျှက်ရှိသည်။

    ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်ပြဌာန်းခဲ့သည့် စစ်မှုထမ်းဥပဒေကြောင့် မွန်ပြည်နယ်တွင် အစုလိုက်လူပျောက်ဆုံးမှု၊ လူမသိသူမသိ ဖမ်းဆီးခံရမှုနှင့် စစ်သားစုဆောင်းရေးဌာနအတင်းကြပ်ပို့ဆောင်ခံရမှု စသည့်လူ့အခွင့်အရေးချိုးဖောက်မှုတို့ကို ဆိုးဆိုးရွားရွားခံနေရသည်။

    ထို့ကြောင့် စစ်မှုထမ်းတပ်သားစုဆောင်သူတို့မှ သင်တန်းသားလိုအပ်လာသည်နှင့်အမျှ ပြည်သူတို့၏ နေ့စဉ်သွားလာလှုပ်ရှားရေးတွင် လုံခြုံမှုလုံးဝမရှိကြောင်း သံဖြူဇရပ်မှဒေသခံ အမျိုးသမီးတစ်ဦးက ဆိုသည်။

    “လုံခြုံရေးဆိုတဲ့ဟာက တစ်စက်မှမရှိတော့ပါဘူး။ လုံခြုံအောင် ကိုယ့်ကိုယ်ကိုပဲ  ကာကွယ်ယူရတယ်၊ မိန်းကလေးတွေဆိုရင်လည်း ညနေဘက်လောက်ဆိုအပြင်မထွက်ရဲတော့ဘူး။ ပြီးတော့ လောင်းကစားဝိုင်းတွေလည်းရှိတော့ ပိုလို့တောင်ကြောက်နေရတယ်။ အပျောက်ရှသတင်းဆိုရင်လည်း တိုင်ချက်ဖွင့်ပေးတာလောက်ပဲ တာဝန်ယူဆောင်ရွက်ပေးတာလည်းမရှိဘူး”   ဟုပြောသည်၊

    ထို့အပြင် စစ်မှုထမ်းဥပဒေသည် လူငယ်တို့၏ အနာဂတ် မျှော်လင့်ချက်တို့အတွက် အတားအဆီးဖြစ်အသက်မွေးဝမ်းကျောင်း လုပ်ပိုင်ခွင့်နှင့် ဘဝရှင်သန်ရပ်တည်ရေးအတွက်ပါ စိန်ခေါ်မှုရှိလာကြောင်း ပြောသည်။

    နိုင်ငံတစ်ဝှမ်းတွင် စစ်မှုထမ်းယန္တရားလည်ပတ်နိုင်ရန် ဒေသခံပြည်သူငါးသောင်းနီးပါး အဓမ္မတပ်သားအဖြစ်စုဆောင်းပြီး စစ်မှုထမ်းအပတ်စဉ်(၁၀)အထိဖွင့်လှစ်ရာ မွန်ပြည်နယ်မှစုဆောင်းခံရသူ  ၂ ထောင်နီးပါးရှိပြီးအမျိုးသမီး၃၀ ဦးထက်မနည်းပါဝင်နေခဲ့သည်ဟု မွန်ပြည်လူ့အခွင့်ရေးဖောင်းဒေးရှင်း၏အချက်အလက်အရသိရသည်။

    အဓမ္မတပ်သားအဖြစ်စုဆောင်းခံရသည့် မော်လမြိုင်၊ ရေးနှင့် သံဖြူဇရပ်မှဒေသခံတို့ စစ်မြေပြင်တွင်သေဆုံးမှုရှိနေကြောင်း နှင့် မွန်ပြည်နယ်မှ သင်တန်းဆင်းတပ်သားအများစုကို ရခိုင်ပြည်နယ်ဘက်သို့ ပို့ဆောင်နေဆဲဖြစ်ကြောင်း မွန်ပြည်လူ့ အခွင့်အရေးဖောင်ဒေးရှင်းဦး‌ဆောင်သူ နိုင်အဲမွန်ကဆက်ပြောထားသည်။  

     “သူတို့ဆီရောက်သွားပြီးရင် အသက်ပြန်ရှင်ဖို့က risk အရမ်းများတယ်။ အသက်ဆုံးရှံးဖို့က ၇၀% ရှိနေတာ။ ဘာကြောင့်ဒီလိုပြောရလည်းဆိုရင်တော့ သူတို့တစ်လနှစ်လလောက်နဲ့ စစ်သင်တန်းပေးပြီးတော့အရှေ့တန်းကိုလွတ်ပေးသွားတယ်။ ဒါတွေပေါ့နော် ကျနော်တို့လူ့အခွင့်ရေးလှုပ်ရှားလာတဲ့ကာလတစ်လျှောက်လုံးမှုဒီနှစ်က အဆိုးဆုံးပါပဲဗျာ ” ဟု ဆိုသည်။

    ထို့ကြောင့် လာမည့် ၂၀၂၅ ခုနှစ်တွင်လည်း လူ့အခွင့်အရေးချို့ဖောက်ခံရမှု အဆိုးဆုံးအခြေအနေတွင် ရင်ဆိုင်ရန် ပြင်ဆင်သင့်ကြောင်း ဆက်ပြောသည်။

    စစ်ကောင်စီမှ စစ်မှုထမ်းအပတ်စဉ် ၁ အတွက် လူအင်အားစုဆောင်းခဲ့စဉ်က ၎င်းတို့အပြောအတိုင်း အနည်းငယ်တူညီရန် ဆောင်ရွက်ခဲ့သော်လည်း နောက်ပိုင်းတွင် အတင်းအဓမ္မ ပိုဆန်လာသည်ကို လူမှုကွန်ရက်ပေါ်တွင် ကျယ်ကျယ်ပြန့်ပြန့် တွေရှိလာခဲ့သည်။

    မြန်မာပြည်မှ စစ်မျက်နှာပြင်တွေ များလာပြီး စစ်ကောင်စီဘက်မှ နယ်မြေဆုံးရှုံးမှု၊ စစ်သည်အင်အားလိုအပ်ချက်တို့ မြင့်မာလာခြင်းကြောင့် ပြည်သူ့စစ်မှုထမ်းဥပဒေကို အလျင်အမြန် အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ကြောင်း ဗမာ့ရေးရာနှင့် ပဋိပက္ခာလေ့လာရေးအဖွဲ့(BACS)၏ သုတေသန်စာတမ်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,400SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks