Wednesday, May 13, 2026
More
    spot_img
    Homeသတင်းကော့ကရိတ်မြို့နယ်တွင် တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး နေအိမ်အချို့ မီးလောင်းပျက်စီး

    ကော့ကရိတ်မြို့နယ်တွင် တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး နေအိမ်အချို့ မီးလောင်းပျက်စီး

    -

    ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ ကော့နွှဲကျေးရွာနှင့် ရွာသစ်ကုန်းကျေးရွာဘက်တွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) အပါအဝင်တော်လှန်ရေးပူးပေါင်းတပ်တို့ကြား တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး နေအိမ် မီးလောင်းပျက်စီးမှု ရှိနေကြောင်း ဒေသတွင်း တော်လှန်ရေးသတင်းအရင်းအမြစ်တို့ထံမှ သိရသည်။

    ကော့ကရိတ်မြို့အနီးနားဝန်းကျင်ရှိ ကျေးရွာများနှင့် အာရှလမ်းပိုင်းတစ်လျှောက်တွင် တိုက်ပွဲများပြင်းထန် လာနေပြီး လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်များ မီးလောင်ပျက်စီးမှု ရှိလာသည်ဟု ကော့ကရိတ်တိုက်ပွဲအတွင်း ပါဝင်တိုက်ခိုက်နေသည့် တော်လှန်ရေးသတင်းအရင်းအမြစ်တို့က ပြောသည်။

    “စစ်တပ်ဘက်က စစ်ကြောင်းထိုးလာတဲ့အတွက် ကော့ကရိတ်မြို့စွန်နဲ့ အာရှလမ်းပိုင်းတစ်လျှောက်မှာတော့ အခု တိုက်ပွဲတွေ ပြင်းထန်နေတယ်။ လက်နက်ကြီးကြောင့် ကော့နွှဲနဲ့ ရွာသစ်ကုန်းက အိမ်အများစု မီးလောင်နေတယ်။ အဲနှစ်ရွာက အိမ်အများစု ပါသွားတယ်။ အရင်က မြို့နဲ့နီးတဲ့ ရွာနားတွေကိုပဲ လက်နက်ကြီးကျတာ များပေမယ့် အခုရက်ပိုင်း တိုက်ပွဲတွေ ပိုပြင်းထန်လာတော့ တခြားဝေးတဲ့ရွာဘက်တွေကိုပါ လက်နက်ကြီးကျတာတွေ ရှိလာနေတယ်” ဟု တော်လှန်ရေးသတင်း အရင်းအမြစ်တစ်ဦးက ပြောသည်။

    လက်နက်ကြီး ကျရောက်ပေါက်ကွဲနေမှုကြောင့် ကော့နွှဲကျေးရွာနှင့် ရွာသစ်ကုန်းကျေးရွာအပါအဝင် အနီးတစ်ဝိုက် ကျေးရွာများမှ ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်ဟု ဆိုသည်။

    “လောလောဆယ်မှာတော့ ကော့နွှဲနဲ့ ရွာသစ်ကုန်းက အဆိုးဆုံးပဲဗျ။ ကျန်တဲ့တစ်ချို့ရွာတွေမှာ ဒေသခံတွေက စိုးရိမ်းပြီး ရှောင်ကြတာ ရှိသလို တစ်ချို့ရွာကျတော့လဲ လက်နက်ကြီးကျလို့ ရှောင်နေကြတာတွေလည်း ရှိပါတယ်။ ရွာတွေမှာ လူတွေမရှိတော့ဘူး” ဟု အထက်ပါ တော်လှန်ရေးသတင်းအရင်းအမြစ်က ပြောသည်။

    စစ်ကောင်စီက ကော့ကရိတ်-အာရှလမ်းမကြီးကို ပြန်လည်ထိုးဖောက်ရန် ကြိုးပမ်းလာစဉ်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ပိတ်ဆို့တိုက်ခိုက်သည့်အတွက် တိုက်ပွဲပြင်းထန်လာခဲ့ခြင်း ဖြစ်သည်။

    ကော့ကရိတ်တိုက်ပွဲကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ပြန်လည်ပြင်းထန်လာခဲ့ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှု ရှိလာခဲ့သည်ဟု တော်လှန်ရေးအဖွဲ့တို့ထံမှ သိရသည်။

    လက်ရှိတွင် စစ်ကောင်စီက ဒရုန်းဖြင့် ကင်းထောက် ပျံသန်းနေမှုကို တော်လှန်ရေးအဖွဲ့တို့က တန်ပြန်ဒရုန်းဖြင့် တိုက်ခိုက်ရန် လုပ်ဆောင်နေသလို ပြေမြင် စစ်ကြောင်းများနှင့်လည်း ပိတ်ဆို့တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေသည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,800SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks