Homeသတင်းဘီးလင်း တောင်စွန်းကုန်ထုတ်စခန်းဂိတ် ပစ်ခတ်ခံရပြီး ဝန်ထမ်းတစ်ဦး ဒဏ်ရာရ

ဘီးလင်း တောင်စွန်းကုန်ထုတ်စခန်းဂိတ် ပစ်ခတ်ခံရပြီး ဝန်ထမ်းတစ်ဦး ဒဏ်ရာရ

-

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ တောင်စွန်းကျေးရွာရှိ အကျဉ်းဦးစီးဌာန တောင်စွန်းကုန်ထုတ်စခန်းအဝင်ဂိတ် ပစ်ခတ်ခံရပြီး အကျဉ်းဦးစီးဌာနဝန်ထမ်းတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အောက်တိုဘာလ ၂ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန်ခန့်က တောင်စွန်းကုန်ထုတ်စခန်းအဝင်ဂိတ်ကို သေနတ်သမားတို့က ပစ်ခတ်ခဲ့ရာ ဂိတ်တွင် တာဝန်ကျနေသည့် အကျဉ်းထောင်တပ်ကြပ် မြင့်ဇော်ဝင်းဆိုသူ သေနတ် ထိမှန်ဒဏ်ရာ ရရှိခဲ့သည်။

“တောင်စွန်းကုန်ထုတ်စခန်းအနီးက စိမ့်စမ်းမြိုင်ဘုန်းကြီးကျောင်းဘက်က‌နေ ပစ်တာ။ သေနတ်သမာက နှစ်ဦးက ဆိုင်ကယ်နဲ့လာတယ်လို့ သိရပါတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် အကျဉ်းထောင်တပ်ကြပ် မြင့်ဇော်ဝင်းသည် ညာတင်ပါး ကျည်ဖောက်ထွက်ဒဏ်ရာ တစ်ချက် ရရှိပြီး ဘီးလင်းမြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရသည်ဟု သိရသည်။

တောင်စွန်းကုန်ထုတ်စခန်းဂိတ် ပစ်ခတ်ခံရမှုနှင့် ပတ်သက်ပြီး မည်သည့်လက်ကိုင်အဖွဲ့က လုပ်ဆောင်သည်ကို သီးခြားအတည်းပြုနိုင်ခြင်းမရှိသေးပေ။

ဘီးလင်းမြို့နယ် တောင်စွန်းကျေးရွာတွင် ပြီးခဲ့သည့် ဇူလိုင်လ ၁ ရက်နေ့ ညပိုင်းကလည်း တောင်စွန်းနယ်မြေရဲစခန်းမှ နယ်ထိန်းရဲတပ်ကြပ်တစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ဒဏ်ရာရရှိခဲ့သေးသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,700SubscribersSubscribe

Latest posts