Homeသတင်းမော်လမြိုင်မြို့တွင် စက်သုံးဆီ စတင်ပြတ်လပ်နေ

မော်လမြိုင်မြို့တွင် စက်သုံးဆီ စတင်ပြတ်လပ်နေ

-

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်ကြီးများတွင် ဆီပြတ်လပ်မှုကြောင့် ဆိုင်အများစုပိတ်ထားရပြီး အကန့်အသတ်ဖြင့် ရောင်းချနေသည်ဟု သိရသည်။

ယနေ့မွန်းလွှဲပိုင်းအချိန်တွင် ရောင်းချပေးနေသည့် ဆိုင်ငယ်တို့တွင် နာရီပိုင်းအထိ တန်းစီစောင့်ဝယ်ယူနေရသည်ဟု ယာဉ်မောင်းတစ်ဦးက ဆိုသည်။

“စက်သုံးဆီက ကြိုက်သလို ဝယ်လို့ မရတော့ဘူး။ ဆိုင်အများစု သူတို့မှာဆီမရှိဘူးလို့ပြောတယ်။ အဲတော့ ပိတ်ထားကြတယ်။ ၁၀၀% မှာ ၈၀% လောက်ပိတ်ထားကြတာလေ။တကယ်လို့ ဈေးနည်းနည်းပေးပြီး ထည့်ချင်တဲ့ဆိုင်တွေကိုသွားရှာရင် ရမှာမဟုတ်တော့ဘူး။ ရှိတဲ့ဆိုင်မှာပဲ တန်းစီဝယ်နေရတယ်”ဟု ထိုသူက ဆက်ဆိုသည်။

မော်လမြိုင်မြို့တွင် ဇူလိုင် ၂၇ ရက်နေ့မှစ၍ စက်သုံးဆီဘောက်ဆာကားကြီးတို့ ဝင်ရောက်မှုမရှိနေသည်ဟုလည်း စက်သုံးဆီဆိုင်မှ ပြောဆိုချက်အရ သိရသည်။

ဒါ့အပြင် လက်ကျန်ရောင်းချပေးနေသည့် ဓါတ်ဆီဆိုင်တို့တွင် ယနေ့ပေါက်ဈေးထက် ၅၀၀ ကျပ်နီးပါးဖြင့်တင်ရောင်းကာ 92 တစ်လီတာ ၃၀၈၀ကျပ်၊ 95 တစ် ၃၀၁၀ကျပ်၊ ဒီဇယ်တစ်လီတာ ၃၀၈၀ကျပ်နှင့် ပရီမီယမ်ဒီဇယ်တစ်လီတာ ၃၂၀၀ ကျပ်ဖြင့် ရောင်းချနေသည်ဟု သိရသည်။

ယနေ့တွင် စက်သုံးဆီအနည်းငယ်ဝယ်ယူရရှိနေသေးသော်လည်း ရှေ့ရက်တို့တွင် ဝယ်ယူရရှိရန် ပိုမိုခက်ခဲမည်ဟုလည်း အဆိုပါယာဉ်မောင်းက ဆက်ပြောသည်။

“ဒီနေ့မနက်စောစောသွားထည့်လိုက်တာ ကံကောင်းသွားတာပေါ့။ ဘာလို့ဆို ဒီနေ့ပိုင်းလောက်က အဲဘက်ဖြတ်သွားတော့ ဆိုင်က ပိတ်နေပြီးလေ”ဟု ထိုသူက ဆက်ပြောသည်။

စက်သုံးဆီမပြတ်လတ်ရန် စစ်ကောင်စီ စွမ်းအင်ဝန်ကြီးဌာနမှ ပြောဆိုခဲ့သော်လည်း မွန်ပြည်နယ်တွင် ကျိုက်ထို မော်လမြိုင်မြို့၊ သံဖြူဇရပ်နှင့် ရေးမြို့နယ်တို့တွင်လည်း ရင်ဆိုင်နေရသည်ဟု သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts