Homeသတင်းအမျိုးသားများကို ပြည်ပထွက်ခွင့်ပိတ်ပင်လိုက်ခြင်းသည် စစ်ကောင်စီ၏ အရှုံးကွက်ကိုဖော်ပြနေဟုဆို

အမျိုးသားများကို ပြည်ပထွက်ခွင့်ပိတ်ပင်လိုက်ခြင်းသည် စစ်ကောင်စီ၏ အရှုံးကွက်ကိုဖော်ပြနေဟုဆို

-

စစ်ကောင်စီမှ အမျိုးသားများကို ပြည်ပထွက်ခွာခွင့်ပိတ်ပင်လိုက်ခြင်းသည် အလုပ်သမားများအပေါ်ထပ်တိုးဖိနှိပ်နေခြင်းဖြစ်သည့်အပြင် စစ်ကောင်စီ၏အရှုံးကွက်ကို ဖော်ပြနေသည်ဟု NUG အလုပ်သမားရေးရာဝန်ကြီးဌာနမှ Rehmonnya FM သတင်းဌာနတွင် ပြောဆိုခဲ့သည်။

စစ်ရေးအဖက်ဖက်တွင် ကျရှုံးနေသည့် စစ်ကောင်စီတပ်က လူအင်အားလျော့နည်းလာသည့်အတွက် စစ်မှုထမ်းဥပဒေနှင့် အင်အားပြန်လည်ဖြည့်တင်ရန်စီစဉ်နေခြင်းကြောင့် အခုကဲ့သို့ အမျိုးသားများ ပြည်ပထွက်အလုပ်လုပ်ခွင့် ပိတ်ပင်လိုက်သည်ဟု NUG အလုပ်သမားရေးရာဝန်ကြီး နိုင်သုဝဏ္ဏက ဆိုသည်။

“စကစတပ်ဟာ သူတို့ရဲ့ရှုံးကို ထုတ်ပြရာလည်းရောက်ပါတယ်၊ သူတို့ကိုထောက်ခံတဲ့အားမရှိတော့တဲ့အတွက် အလုပ်သမားတွေကို ပြည်ပထွက်ခွာခွင့်ပိတ်ပြီးတော့ကာ အဓမ္မစစ်မှုထွက်ခိုင်းပြီးကြံစည်နေတယ်လို့ ပြောလို့ရပါတယ်" ဟုဆိုသည်။

လက်ရှိတွင် ပြည်ပနိုင်ငံသို့အထောက်ထားမဲ့ရွှေ့ပြောင်းဝင်ရောက်သူများလာခြင်းကြောင့် နိုင်ငံဝင်ငွေကျဆင်းပြီး ပိုမိုဆင်းရဲကျပ်တည်းလာနိုင်သည်ဟု သုံးသပ်ပြောဆိုထားသည်။

ပြည်ပသို့ထွက်ခွာသည့် အမျိုးသားတို့ကို လက်ရှိပြန်လည်ခွင့်ပြုထားသော်လည်း အလုပ်ခေါ်စာလျှောက်ထားရာတွင် ကန့်သတ်မှုအချို့ရှိနေကြောင်း အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီအချို့မှ သိရသည်။

၎င်းအပြင် ထိုင်းနိုင်ငံအပါအဝင် အခြားပြည်ပသို့ အထောက်အထားမဲ့ အလုပ်လုပ်ကိုင်နေသူတို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရနေအဖြင့် တတ်နိုင်သမျှ ကူညီသွားမည်ဟု နိုင်သုဝဏ္ဏက ဆက်ပြောသည်။

၎င်းက “ မဖြစ်မနေပြည်ပနိုင်ငံကို ထွက်ခွာပြီးတော့ အထောက်အထားမဲ့ အလုပ်သမားအဖြစ်နဲ့ ဖိနှိပ်မှုတွေ အန္တာရယ်တွေ မကြုံရလေအောင် ကျွန်တော်တို့ ဝန်ကြီးဌာနအနေနဲ့ ကြိုးစားကူညီဆောင်ရွက်ပေးသွားမှာပါဖြစ်ပါတယ် ” ဟုဆိုသည်။

တရားမဝင်လုပ်သားအဖြစ်ရပ်တည်နေရသည့် မြန်မာနိုင်သားတို့ကို ကာကွယ်ရန် စီမံချက်များရေးဆွဲနေဆဲဖြစ်သည်ဟု ပြီးခဲ့သော မေလ ၁ ရက်နေ့တွင် ပြောဆိုခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အလုပ်သမားဝန်းကြီးဌာနမှ စီမံချက်အကောင်ထည်မဖော်နိုင်သေးသော်လည်း အလုပ်သမားအခွင့်ရေးချိုးဖောက်ခံရသည့် ပြည်ပရောက်မြန်မာအလုပ်သမားတို့အတွက် Myanmar Migrant Workers Council (MMWC)နှင့်ပူးပေါင်းပြီး ညှိနှိုင်းဆောင်ရွက်မှုလုပ်ဆောင်လျှက်ရှိကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts