Homeသတင်းဖေဖော်ဝါရီလအတွင်း အမျိုးသမီး ၃၀ ဦး သေဆုံး

ဖေဖော်ဝါရီလအတွင်း အမျိုးသမီး ၃၀ ဦး သေဆုံး

-

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၈ ရက်နေ့အတွင်း နိုင်ငံတဝန်းက အမျိုးသမီး ၃၀ ဦးအထိ အသက်ဆုံးရှုံးခဲ့ရသည်ဟု မြန်မာအမျိုးသမီးသမဂ္ဂ (BWU) က ထုတ်ပြန်သည်။

သေဆုံးအမျိုးသမီး ၃၀ ဦးထဲတွင် စစ်တပ်က ပစ်ခတ်သည့်လက်နက်ကြီးထိမှန်ပြီး သေဆုံးသူ ၉ ဦး၊ လေကြောင်းတိုက်ခိုက်မှုကြောင့် ၇ ဦး၊ စစ်တပ် ပစ်ခတ်မှုကြောင့် ၅ ဦး၊ စစ်တပ်မှ ဖမ်းဆီးထိန်းသိမ်းစဉ်အတွင်း သေဆုံးသူ ၅ ဦ၊ ဖမ်းဆီးထိန်းသိမ်းစဉ်အတွင်း နှိပ်စက်ခံရပြီး သေဆုံး ၃ ဦးနှင့် အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခံရသူ ၁ ဦးတို့ ပါဝင်သည်။

သေဆုံးအမျိုးသမီးများသည် စစ်ကိုင်းတိုင်းဒေသကြီးက အများဆုံးဖြစ်ပြီး အမျိုးသမီး ၁၅ ဦး သတ်ဖြတ်ခံရကာ ဒုတိအများဆုံးသည် ပဲခူးတိုင်းဒေသကြီးဖြစ်ပြီး အမျိုးသမီး ၆ ဦး သေဆုံးခဲ့သည်။

စစ်တပ်အာဏာသိမ်းကာလ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ လက်နက်ကြီး ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း စသည့် အရပ်သားများ ပစ်မှတ်ထားတိုက်ခိုက်ခြင်းကြောင့် အမျိုးသမီး ၁၀၆ ဦး အထိ သတ်ဖြတ်ခံခဲ့ရသည်ဟု BWU ထုတ်ပြန်ထားသည်။

၎င်းပြင် အမျိုးသမီး ၃၃၃၂ ဦးလည်း ဖမ်းဆီးထိန်းသိမ်းခံထားရပြီး ၎င်းထဲမှ အမျိုးသမီး ၇၈၁ ဦးသည် ပြစ်ဒဏ်ချမှတ်ခံထားရသည်ဟု ထုတ်ပြန်ထားသည်။

ယခုအချက်အလက်သည် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) နှင့် ခိုင်လုံသော သတင်းမီဒီယာများမှ အချက်အလက်များအပေါ် အခြေခံ စုစည်းထားသည့်အချက်အလက်များဖြစ်ပြီး ပြေပြင်တွင် ယခုထက်ပိုများနိုင်သည်ဟု BWU က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts