spot_img
Monday, February 2, 2026
More
    spot_img
    Homeသတင်းရာမညဖက်ဒရယ် အင်အားစုသစ်မှ မွန်အမျိုးသားနေ့အကြို ၈ ရက်တာ ကမ်ပိန်းပြုလုပ်

    ရာမညဖက်ဒရယ် အင်အားစုသစ်မှ မွန်အမျိုးသားနေ့အကြို ၈ ရက်တာ ကမ်ပိန်းပြုလုပ်

    -

    ၇၇ ကြိမ်မြောက်မွန်အမျိုးသားနေ့ကို ကြိုဆိုသည့်အနေဖြင့် ရာမညဖက်ဒရယ်အင်အားစုသစ်မှ "တော်လှန်ရဲမှ လွတ်မြောက်မည်"ဆိုသည့် ကြွေးကြော်သံနှင့် ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှ ၂၆ ရက်နေ့အထိ ကမ်ပိန်းပြုလုပ်လျှက်ရှိကြောင်း သိရသည်။

    ယခုကမ်ပိန်းသည် စစ်အာဏာရှင်အောက်တွင် ကျင်းပနေသည့် မွန်အမျိုးသားနေ့ အဆုံးသတ်နိုင်ရန်၊ လွပ်လပ်၍ ဂုဏ်သိက္ခာနှင့် ပြည့်စုံသည့် မွန်အမျိုးသားနေ့ကျင်းပသွားရန် ရည်ရွယ်လှုပ်ရှားရခြင်းဖြစ်သည်ဟု ရာမညဖက်ဒရယ် အင်အားစုသစ်မှ တာဝန်ခံ နိုင်ပညာမာန်က ပြောသည်။

    "မွန်အမျိုးသားနေ့ရောက်ရင် မွန်တွေရဲ့ အတိတ်သမိုင်းကြောင်း ယဉ်ကျေးမှုနဲ့ နိုင်ငံရေးအစဉ်အလာတွေကို ပြန်လည်အောက်မေ့လေ့ရှိပါတယ်၊ တစ်ဖက်မှာလည်း မပြီးပျက်သေးတဲ့ အမျိုးသားလွတ်မြောက်ရေးတာဝန်တွေလည်း နိုးကြားဖို့ မွန်အမျိုးသားနေ့ကာလမှာ ဒီကမ်ပိန်းလေး လုပ်ဖြစ်ပါတယ်" ဟု ဆိုသည်။

    လက်ရှိတွင် တော်လှန်အရေးအဖွဲ့အစည်း၊ နိုင်ငံရေးအဖွဲ့အစည်းနှင့် ပြည်တွင်းရှိ လူငယ်အများစု ပူးပေါင်းပါဝင်လျှက်ရှိကြောင်း ဆက်ပြောသည်။

    ကမ်ပိန်းအစီအစဉ်တွင် " တော်လှန်ရဲမှ လွတ်မြောက်မည်"ဆိုသည့်စာတန်းပါ ဆောင်းပုဒ်ကို ကိုင်ဆောင်ပြီး ဓါတ်ပုံရိုက်၍သော်လည်းကောင်း ၊ မွန်လုံချည် မွန်ထဘီပေါ်တွင် စာတန်းကိုကပ်ပြီး ဓါတ်ပုံရိုက် ပါဝင်နိုင်ကြောင်းလည်း (NRFF ) မှ ထုတ်ပြန်ထားသည်။

    (NRFF) အနေဖြင့် နိုင်ငံရေးလှုပ်ဆော်မှု ကမ်ပိန်းများကို မွန်လူမျိုးနှင့် သက်ဆိုင်သည့် နေထူးနေ့မြတ်များတွင် ဆက်လက် လှုပ်ရှားသွားရန်ရှိကြောင်းလည်း နိုင်ပညာမာန်က ဆက်ပြောသည်။

    “ကျနော်တို့ လက်နက်ကိုင်တော်လှန်ရေး သက်သက်မဟုတ်ဘဲနဲ့ ဒီလိုကမ်ပိန်းနဲ့ နိုင်ငံရေးလှုပ်ဆော်မှုဟာလည်း ထိရောက်မှုရှိပါတယ်၊ တော်လှန်ရေး မဟာမိတ်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး ရှေ့ဆက် ဒီလိုနေ့ထူးနေ့မြတ်တွေမှာ တော်လှန်ရေးမဟာမိတ်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး လုပ်ဆောင်သွားဖို့ရှိပါတယ်” ဟု ဆိုသည်။

    ရာမညဖက်ဒရယ်အင်အားစုသစ်(NRFF) သည် အာဏာသိမ်း ၃ နှစ်တာ ကာလအတွင်း နိုင်ငံရေးလှုပ်ရှားမှုဆိုင်ရာတို့ကို တောက်လျှောက် လုပ်ဆောင်လာခဲ့ပြီး ကိုယ်ပိုင်လွတ်လပ်ခွင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟုလည်း ဆိုသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks