Homeသတင်းတရားမဝင် ဝင်ရောက်မှုများကြောင့် တာ့ခ်ခရိုင်တွင် ဧည့်စာရင်း မဖြစ်မနေတိုင်ရမည်

တရားမဝင် ဝင်ရောက်မှုများကြောင့် တာ့ခ်ခရိုင်တွင် ဧည့်စာရင်း မဖြစ်မနေတိုင်ရမည်

-

ထိုင်း-မြန်မာနယ်စပ်တွင် တရားမဝင် ဝင်ရောက်မှုများကြောင့် တာ့ခရိုင်အတွင်း နိုင်ငံခြားသားဧည့်သည်များ တည်းခိုမှုကို မဖြစ်မနေ ဧည့်စာရင်းတိုင်ရန် ထိုင်းနိုင်ငံလူဝင်မှုကြီးကြပ်ရေးမှ အမိန့်ထုတ်ပြန်လိုက်သည်။

တာ့ခ်ခရိုင်ရှိ အိမ်ရှင်များ၊ ဟော်တယ်မန်နေဂျာများနှင့် နေထိုင်သူများသည် လူဝင်မှုကြီးကြပ်ရေး တာဝန်ရှိသူများထံ ၂၄ နာရီအတွင်း ဧည့်စာရင်းတိုင်ကြားရေး ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အမျိုးသားလုံခြုံရေးနှင့် စိတ်အေးချမ်းသာရေးအတွက် အိမ်ရှင်များအနေဖြင့် ပူးပေါင်းဆောင်ရွက်ရန်ဟု အာဏာပိုင်များကဆိုသော်လည်း တရားမဝင်ဝင်ရောက်မှုများကို ထိန်းချုပ်နိုင်ရန် လုပ်ဆောင်ခြင်းသာဖြစ်ကြောင်း မဲဆောက်မြို့ရှိ မြန်မာနိုင်ငံသားတစ်ဦးက ပြောသည်။

“ဧည့်စာရင်းက အရင်ကတည်းက တိုင်ရတာပဲလေ TM 30 ဆိုတာရှိပြီးသား။ဒါပေမယ့် ရှောင်ကြတိမ််းကြတဲ့လူတွေကျတော့ အဲ့တာတွေမရှိနေဘူးဗျ။တချို့ကျတော့လည်း ရဲကဒ်လို့ခေါ်တဲ့ ကဒ်တွေနဲ့နေကြတာရှိတယ်။ဒါကတရားမဝင်ဘူးဆိုပေမယ့် ဒီမှာတော့ သွားလို့ လာလို့ နည်းနည်းအဆင်ပြေတာပေါ့။အခုကကျတော့ လုံးဝတင်းကြပ်သွားတဲ့သဘောပဲဗျ။ အခုဆို တရားမဝင်တဲ့လူတွေ အိမ်အပြင်ထွက်ဖို့ပိုခက်သွားပြီ။အပြင်မှာလဲအစစ်အဆေးကြမ်းနေတယ်” ဟု အဆိုပါအမျိုးသားက ပြောသည်။

ဧည့်စာရင်းတိုင်လိုသူများအနေဖြင့်လည်း လူကိုယ်တိုင်ဖြစ်စေ၊ အီးမေးမှဖြစ်စေ တိုင်ကြားနိုင်ပြီး ဧည့်စာရင်းတိုင်ကြားရန် ပျက်ကွက်ပါက အများဆုံး ဘတ်တစ်သောင်းအထိ ဒဏ်ကြေး ပေးဆောင်ရမည်ဟု တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးမှ သတိပေးထားသည်။

စစ်ကောင်စီမှ စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက် ထိုင်း-မြန်မာနယ်စပ်တစ်လျောက်တွင် တရားမဝင် ဝင်ရောက်လာသူ များပြားလာပြီး တရားမဝင် ဝင်ရောက်သူ ၂၂၀ ကျော်ကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးရမိထားကြောင်း ထိုင်းသတင်းများဖော်ပြချက်အရ သိရသည်။

ထိုင်းနိုင်ငံအနေဖြင့် တရားဝင် ဝင်ရောက်လူသူများကို ကြိုဆိုနေပြီး တရားမဝင် ဝင်လာသူများကို အရေးယူရန် လုံခြုံရေးအဖွဲ့အစည်းများနှင့် ဆွေးနွေးထားကြောင်း ထိုင်းဝန်ကြီးချုပ်က ပြောဆိုထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts