spot_img
Saturday, December 13, 2025
More
    spot_img
    Homeသတင်းမော်လမြိုင်မြို့ပေါ်တွင် ခိုးဆိုးလုယက်မှု တနေ့ထက်တနေ့ ပိုဆိုးလာ

    မော်လမြိုင်မြို့ပေါ်တွင် ခိုးဆိုးလုယက်မှု တနေ့ထက်တနေ့ ပိုဆိုးလာ

    -

    မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ်တွင် ခိုးဆိုးလုယက်မှုများ တနေ့ထက်တနေ့ ပိုမိုဆိုးရွားလာနေသည်ဟု မြို့ခံတို့က ပြောသည်။

    ခိုးဆိုးလုယက်သည့် ဖြစ်စဉ်များသည် လူကွယ်ရာမှာသာမက လူမြင်ကွင်းရှေ့ထိပါ လုပ်ဆောင်လာကြောင်း သူခိုးတွေက အတင့်ရဲလာကြောင်း မော်လမြိုင်မြို့၊ တောင်ဝိုင်းရပ်ကွက်နေသူတစ်ဦးက ပြောသည်။

    “အိမ်မှာနေရင်လည်း စိုးရိမ်ရတယ်။ ဟိုနေ့ကဆို တက္ကသိုလ်ကျောင်းဝင်းအထိ သူခိုးတွေဝင်ပြီး သူတို့ဆိုင်ကယ်အတိုင်းပဲ တွန်းထုတ်သွားတယ်။ စီစီတီဝီကင်မရာရှိရင်တောင် သူတို့အတင့်ရဲလာတယ်။ ပြောင်ခိုးလာကြတယ်။ ပြီးတော့ အခုဈေးတန်းမှာဆိုရင် အခုဆိုင်ကယ်ရပ် အခုပျောက်။ အုပ်စုလိုက်ခိုးလာတယ်ဆိုတော့ သူတို့ရန်လုပ်မှာကိုလည်း စိုးရိမ်နေရတယ်” ဟု ၎င်းက ဆိုသည်။

    မော်လမြိုင်တွင် စစ်တပ်အာဏာသိမ်းပြီးနောက် ခိုးဆိုးလုယက်မှုများအပြင် ပစ္စည်းယူပြီး လူကိုပါသတ်ဖြတ်သွားသည့်ဖြစ်စဉ်များအထိ ဖြစ်ပွားလာခဲ့သည်။

    ခိုးဆိုးလုယက်ခံရမှုဖြစ်စဉ်များနှင့် ပတ်သက်ပြီး စစ်ကောင်စီဘက်က ဖော်ထုတ်အရေးယူနိုင်ခြင်းမရှိကြောင်း မော်လမြိုင်မြို့၊ ဈေးကြိုရပ်ကွက်နေသူတစ်ဦးက ပြောသည်။

    “ဒီအတိုက်ခံနှစ်ဖက်ကြားမှာ ပြည်သူလူထုကကြားညှပ်နေတဲ့အခါကျတော့ တရားဉပဒေစိုးမိုးမှုက နည်းလာတယ်ပေါ့နော်။ အရင်ကဆိုရင်တော့ ကျွန်တော်တို့ အမှုတစ်ခုဖြစ်ရင် ရဲတွေကို သွားတိုင်တာတွေ။ ရဲတွေကလည်းချက်ချင်းဆောင်ရွက်ပေးတာတွေရှိခဲ့တယ်ပေါ့နော်။ အခုအခြေနေက အမှန်တိုင်းပြောရရင် ရဲစခန်းတွေက တိုင်ချက် မှတ်ထားလောက်ပဲရှိတယ်။ လိုက်ဆောင်ရွက်ပေးတာမရှိဘူး။ သူတို့ (ရဲ) ကိုယ်တိုင်က လူကြားထဲတောင် မသွားရဲတော့တာ။ အဲလိုအခြေနေဖြစ်လာတော့ သူခိုးတွေက ပိုပြီး အရဲတင်းလာတယ်” ဟုဆိုသည်။

    မြို့ပေါ်တွင် ယခုလို ခိုးဆိုးလုယက်မှုများ ပိုမိုဆိုးရွားလာရခြင်းသည် စစ်ကောင်စီလက်တက် တရားဥပဒေစိုးမိုးမှု မရှိခြင်းကြောင့် ဖြစ်သည်ဟုလည်း ၎င်းမြို့ခံက ဆက်ပြောသည်။

    ၎င်းပြင် ခိုးဆိုးလုယက်မှုများ ဆိုးရွားလာသည့်အခြေအနေတွင် ပြည်သူများ သွားလာနေထိုင်ရေး လုံခြုံမှုမရှိတော့သည့်အပြင် အသက်အန္တရာယ်အတွက်ပါ စိုးရိမ်ရသည်ဟုလည်း ဆိုသည်။

    မော်လမြိုင်တွင် စစ်ကောင်စီက မြို့တွင်းနှင့် မြို့အဝင်အထွက်နေရာတို့တွင် စစ်ဆေးမှု တင်းကြပ်ထားသည့်အပြင် မြို့အနှံ့ စီစီတီဝီကင်မရာများ တပ်ဆင်ထားသော်လည်း ဒုစရိုက်ကျုးလွန်သူများကို ဖမ်းဆီးနိုင်ခြင်းမရှိသည့်အပေါ် ဝေဖန်ခံနေရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts