Homeသတင်းမော်လမြိုင်က CDM သားဖွားဆရာမတစ်ဦး ဖမ်ဆီးခံရပြီး ပုဒ်မ ၅၀၅ ဖြင့်အမှုဖွင့်ခံရ

မော်လမြိုင်က CDM သားဖွားဆရာမတစ်ဦး ဖမ်ဆီးခံရပြီး ပုဒ်မ ၅၀၅ ဖြင့်အမှုဖွင့်ခံရ

-

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ CDM သားဖွားဆရာမတစ်ဦး ဖမ်းဆီးခံရပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ခံထားရသည်ဟု လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတို့ထံမှ သိရသည်။

ရေးမြို့နယ် ငါးလုပ်ငန်းဦးစီးမှူးအသတ်ခံရမှုနှင့် ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်နှာပေါ် ရေးသားမှု ပြုလုပ်ခဲ့သည်ဆိုသည့်စွပ်စွဲချက်ဖြင့် CDM သားဖွားဆရာမ ဒေါ်ခင်ခင်ဝေကို စစ်ကောင်စီက နိုဝင်ဘာလ ၂ ရက်နေ့က ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။

ယင်းနောက် CDM သားဖွားဆရာမ ဒေါ်ခင်ခင်ဝေကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်အရေးယူလိုက်ကြောင်း သိရသည်။

သားဖွားဆရာမ ဒေါ်ခင်ခင်ဝေသည် ကျိုက်မရောမြို့နယ်၊ ဘာဘူကုန်းကျေးရွာ ကျေးလက်ကျန်းမာရေးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး စစ်တပ်အာဏာသိမ်းပြီးနောက် အာဏာဖိဆန်ရေး လှုပ်ရှားမှု CDM တွင် ပါဝင်ခဲ့သူဖြစ်သည်။

ရေးမြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူး ဦးဇော်နိုင်လင်းသည် ပြီးခဲ့သည့် အောက်တိုဘာလ ၁၈ ရက်နေ့က ရေးမြို့၊ ရန်ကြီးအောင်ရပ်ကွက်ရှိ လက်ဖက်ရည်ဆိုင်တည်ရှိနေစဉ် ရေးဘီလူးအဖွဲ့က သေနတ်ဖြင့် လာရောက် ပစ်ခတ်သွားခဲ့ပြီး သေဆုံးသွားခဲ့သည်။

မွန်ပြည်နယ်အတွင်း စစ်တပ်အာဏာပြီးနောက်ပိုင်း ဖမ်းဆီးခံရသည့် အရပ်သား ၈၀၀ နီးပါး ရှိသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်မှုအသင်း(AAPP) က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts