Homeသတင်းဘီးလင်းတွင် ရဲတပ်သားတစ်ဦး ပစ်သတ်ခံရ

ဘီးလင်းတွင် ရဲတပ်သားတစ်ဦး ပစ်သတ်ခံရ

-

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဝင်းကကျေးရွာတွင် နိုဝင်ဘာလ ၄ ရက်နေ့ နံနက်ပိုင်းက ရဲတပ်သားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။

ဝင်းကနယ်မြေရဲစခန်းမှ ရဲတပ်သား ဇော်ဝင်းနိုင်သည် ဝင်းကကျေးရွာ၊ ရန်ကုန်-မော်လမြိုင်ကားလမ်းဘေးရှိ ဦးပေါင်တိုအရက်ဆိုင်တွင် တည်ရှိနေစဥ◌် သေနတ်သမားနှစ်ဦးတို့က ဆိုင်ကယ်ဖြင့် ရောက်လာပြီး သေနတ်ဖြင့် ပစ်ခတ်သွားခဲ့ခြင်းဖြစ်သည်။

“အဲရဲတပ်သားက အရက်ဆိုင်မှာ ရှိနေတဲ့အချိန်မှာ သေနတ်သမားတွေက ရောက်လာပြီး ပစ်ခတ်သွားတယ်။ နေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ရဲတပ်သားသည် လည်ပင် ကျည်ဖောက်ဝင်ဒဏ်ရာ၊ ပေါင်ကျည်ဖောက်ဝင် ဒဏ်ရာ၊ တံတောင် ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် အခင်းဖြစ်ပွားရာအရက်ဆိုင်တွင်ပင် သေဆုံးသွားခဲ့သည်ဟု ဆိုသည်။

ရဲတပ်သားဇော်နိုင်ဝင်း ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကာ ရဲတပ်သား ရုပ်အလောင်းကို ဘီးလင်းဆေးရုံသို့ သယ်ဆောင်သွားခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။

ရဲတပ်သားဇော်နိုင်ဝင်းသည် ဝင်းကရဲစခန်းသို့ ပြောင်းရွှေ့ရောက်ရှိလာတာမကြာသေးကြောင်းလည်း ဒေသခံတို့ထံမှ သိရသည်။

ဘီးလင်းမြို့နယ်အတွင်း စစ်တပ်အာဏာသိမ်းပြီးနောက် ရဲတပ်ဖွဲ့များအပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ နိုင်ငံရေးပါတီဝင်များ၊ စစ်ကောင်စီသတင်းပေးဆိုသူများ ပစ်ခတ်ခံရမှု မကြာခဏဖြစ်ပွားလေ့ရှိပြီး ထိခိုက်သေဆုံးမှုလည်း ရှိခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,700SubscribersSubscribe

Latest posts