Homeသတင်းနှစ်နှစ်အတွင်း PDF များကို ဒေါ်လာ ၁၅ သန်းကျော် ထောက်ပံ့ခဲ့ဟု NUG ထုတ်ပြန်

နှစ်နှစ်အတွင်း PDF များကို ဒေါ်လာ ၁၅ သန်းကျော် ထောက်ပံ့ခဲ့ဟု NUG ထုတ်ပြန်

-

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း၊ စစ်ကြောင်းများကို ၂ နှစ်တာကာလအတွင်း အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၇ သန်းခန့် ထောက်ပံ့ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာလ ၃ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။

နိုင်ငံတဝှမ်း ဖွဲ့စည်းထားသည့် PDF တပ်ရင်း၊ စစ်ကြောင်း ၃၀၀ ခန့်ကို ၁၆ ကြိမ်အထိ ‌ထောက်ပံ့ခဲ့တာဖြစ်ပြီး နောက်ဆုံးထောက်ပံ့မှုက အမေရိကန်ဒေါ်လာ ၁ သန်းခန့် သုံးစွဲခဲ့သည်ဟု ထုတ်ပြန်ထားသည်။

အဆိုပါ ထောက်ပံ့မှု၏ ၈၆ ရာခိုင်နှုန်းဖြစ်သည့် အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၅ သန်းကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက စတင်လိုက်သည့် ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် (People’s Revolution Supply Family – PRF) အစီအစဥ်၏ ၂၁ လတာ ကောက်ခံရရှိသည့် ဘဏ္ဍာငွေများထဲမှ ထုတ်နှုတ်သုံးစွဲခဲ့ခြင်းလည်းဖြစ်ဟု NUG က ဆိုသည်။

၂၀၂၁ ခုနှစ် ဧပြီလ ၁၆ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တနိုင်ငံလုံး “လှည်းနေလှေအောင်း မြင်းစောင်းမကျန်” ဆိုပြီး ပြည်သူ့ခုခံတွန်းလှန်စစ်ကို စက်တင်ဘာလ ၇ ရက်နေ့က စတင်ကြေညာခဲ့သည်။

လက်ရှိတွင် နိုင်ငံတဝှမ်း PDF တပ်ရင်းပေါင်း ၂၉၃ ရင်းကို စုဖွဲ့တည်ဆောက်ထားပြီး တပ်ရင်းအဖြစ် အသိအမှတ်ပြုရန် စိစစ်ဆဲ တပ်ရင်း ၆၈ ရင်းနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)များကိုလည်း မြို့နယ်‌ပေါင်း ၂၅၀ ကျော်တွင် ဖွဲ့စည်းထားသည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာန၏ ခုခံတွန်းလှန်စစ် (၂) နှစ်ပြည့် အစီရင်ခံစာအရ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts