Homeသတင်းပလမြို့ (၃)ရပ်ကွက် အုပ်ချုပ်ရေးမှူးဟောင်းကို စစ်ကောင်စီတပ် ဖမ်းဆီး

ပလမြို့ (၃)ရပ်ကွက် အုပ်ချုပ်ရေးမှူးဟောင်းကို စစ်ကောင်စီတပ် ဖမ်းဆီး

-

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ပလမြို့ အမှတ်(၃) ရပ်ကွက်က NLD အစိုးရလက်ထက် အုပ်ချုပ်ရေးမှူးဟောင်း ဦးဟိုလွင်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။

အသက် ၅၀ ဝန်းကျင်အရွယ်ရှိ ဦးဟိုလွင်ကို အောက်တိုဘာလ ၂ ရက်နေ့ ညနေပိုင်းက ဇရပ်ဆိပ်ရွာဘက်မှ ၎င်းနေအိမ်သို့ ပြန်လာစဥ◌် လမ်းတွင် ဖမ်းဆီးခံရသည်ဟု ဒေသခံတို့ထံမှ သိရသည်။

ဦးဟိုလွင်သည် ဇရပ်ဆိပ်ရွာတွင် ကြက်၊ ဝက်မွေးမြူရေးလုပ်နေသူဖြစ်ပြီး ဘာကြောင့် အဖမ်းခံရသည်ဆိုတာကိုတော့ မသိဘူးဟု မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိတွင် ဦးဟိုလွင်ကို ပလမြို့ရဲစ ခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားသည်ဟုလည်း ဆိုသည်။

ပုလောမြို့နှင့် ပလမြို့တို့တွင် ယခုရက်ပိုင်းအတွင်း ဦးဟိုလွင်အပြင် အခြားဒေသခံ ၄ ဦးထက်မနည်းကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ရသည်ဟု သတင်းထွက်နေသော်လည်း အသေးစိတ်ကိုတော့ စုံစမ်းလျက်ရှိသည်။

“လိုက်ဖမ်းတာက စာအုပ်နဲ့တောင်လိုက်ဖမ်းနေတာ။ အဖမ်းခံရပြီးရင်လည်း ဘယ်သူမှ အသံ မထွက်တော့ဘူး။ အရင်လို မေးလို့လည်း မရတော့ဘူး။ ကျနော်တို့တွေလည်း အပြင် သိပ်မထွက် ဖြစ်တော့ဘူး” ဟု ပလမြို့ခံအမျိုးသားတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၂ ရက်နေ့ကလည်း ပလမြို့ အမှတ်(၃) နှင့် အမှတ်(၄)ရပ်ကွက်မှ အမျိုးသမီး ၄ ဦးနှင့် အမျိုးသား ၇ ဦးတို့လည်း ဖမ်းဆီးခံခဲ့ရသည်။

ယင်းဖမ်းဆီးခံရသူ ၁၁ ဦးအနက် နှစ်ဦးသာပြန်လွတ်လာပြီး ကျန်သူများ မိသားစုနှင့် အဆက်အသွယ်မရကြးဘူးလို့ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts