Homeသတင်းမော်လမြိုင်တွင် ကိုဗစ်အတည်ပြုလူနာတစ်ဦး သေဆုံး

မော်လမြိုင်တွင် ကိုဗစ်အတည်ပြုလူနာတစ်ဦး သေဆုံး

-

မွန်ပြည်နယ်၊ မော်လမြိုင် ပြည်သူ့ဆေးရုံကြီးတွင် သက်ရောက်ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာတစ်ဦး သေဆုံးသွားကြောင်း သိရသည်။

မေလ ၁၉ ရက်နေ့ နေ့လည်က ရောဂါအခံရှိပြီး ကိုဗစ်ကူးစက်ခံထားရသည့် ချောင်းဆုံးမြို့နယ်မှ အသက် ၇၈ နှစ်အရွယ် အမျိုးသားတစ်ဦးသည် မော်လမြိုင် ပြည်သူ့ဆေးရုံကြီးတွင် သက်ရောက်ဆေးကုသမှုခံယူနေရင်း သေဆုံးသွားကြောင်း ဆိုသည်။

မွန်ပြည်နယ်အတွင်း မေလဆန်းပိုင်းမှစပြီး ကိုဗစ်ကူးစက်လူနာအသစ်များ ပြန်လည်းတွေ့ရှိလာခဲ့ပြီး အသက် သေဆုံးမှုပါ ရှိလာခဲ့သည်။

မေလအတွင်း၌ ကိုဗစ်ကူးစက်မှုများ ပြန်များလာနိုင်သည့်အတွက် ပြည်သူများအနေဖြင့် ကိုဗစ်စည်းကမ်းသတ်မှတ်ချက်များ လိုက်နာကျင့်သုံးကြရန် ပြည်နယ်ပြည်သူ့ကျန်းမာရေးဌာန တာဝန်ရှိသူတို့က  တိုက်တွန်းထားသည်။

ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက “ပြည်သူတွေအနေဖြင့် ထုံးစံအတိုင်းပဲ Mask တပ်ပါ။ လက်ဆေးပါ။ တစ်ဦးနဲ့ တစ်ဦး ခပ်ခွာခွာနေပါ။ အဓိကအရေးကြီးဆုံးက ကာကွယ်ဆေးထိုးပြီး (၆) လပြည့်တိုင်း Booster ထိုးကြပါလို့ ပြောချင်ပါတယ်” ဟု ဆိုသည်။

မွန်ပြည်နယ်တွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်းက ကိုဗစ်ပိုးတွေ့လူနာသစ်ပေါင်း ၅၁၀၀ ဦးကျော်ရှိခဲ့ပြီး လူနာပေါင်း ၈၀ ဦးကျော် သေဆုံးသွားခဲ့သည်ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိ စာရင်းများအရ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,100SubscribersSubscribe

Latest posts