Homeသတင်းမလေးရှားသွားမည့် မြန်မာနိုင်ငံသား ၁၀၀ ကျော် ထိုင်းရဲ ဖမ်းဆီး

မလေးရှားသွားမည့် မြန်မာနိုင်ငံသား ၁၀၀ ကျော် ထိုင်းရဲ ဖမ်းဆီး

-

ထိုင်းနိုင်ငံမှတဆင့် မလေးရှားနိုင်ငံသို့ တရားမဝင်သွားရောက်မည့် မြန်မာနိုင်ငံသား ၁၀၁ ဦးကို ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့က ထိုင်း-မလေးရှားနယ်စပ် ဟတ်ယိုင်ခရိုင်တွင် ထိုင်းရဲတပ်ဖွဲ့တို့က ဖမ်းဆီးခဲ့သည်ဟု ထိုင်းသတင်းတို့၏ ဖော်ပြချက်အရ သိရသည်။

ဟတ်ယိုင်ခရိုင်၊ Thung Tam Sao အရပ်ရှိ အထူးရဲတပ်ဖွဲ့ စစ်ဆင်ရေးဌာန အခြေစိုက်စခန်းတစ်ခု၏ အနောက်ဘက် မြေကွက်လပ်အနီး ရပ်နားထားသည့် ၁၀ ဘီးကားကို သတင်းအရ သွားရောက်စစ်ဆေးရာမှာ မြန်မာနိုင်ငံသားများအပြင် ယာဉ်မောင်း ထိုင်းနိုင်ငံသား ၂ ဦးတို့ကိုပါ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဖော်ပြကြသည်။ 

သဲများခင်းထားသည့် ၁၀ ဘီးကားပေါ်တွင် မြန်မာနိုင်ငံသား အမျိုးသား ၈၂ ဦးနှင့် အမျိုးသမီး ၁၉ ဦးတို့ကို တွေ့ရှိရသည့်အပြင် ၎င်းတိုအား ခေါ်ဆောင်လာသည့် ထိုင်းယာဥ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ကိုလည်း ဖမ်းဆီးရမိကြောင်း သိရသည်။

ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားအားလုံးသည် တရားမဝင် ရွှေ့ပြောင်းဝင်ရောက်လာသူများဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့အကြီးအကဲက ဆိုသည်။

ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်တို့ထွက်ဆိုချက်အရ မြန်မာရွှေ့ပြောင်းများကို Prachuap Khiri Khan ခရိုင်မှ သွားရောက်ခေါ်ဆောင်ခဲ့ပြီး Hat Yai ခရိုင်သို့ ပိုဆောင်ပေးခဲ့ပြီး ထိုမှတစ်ဆင့် မလေးရှားသို့ ပိုဆောင်ပေးမည့်သူကို စောင့်ဆိုင်းနေစဥ် ဖမ်းဆီးခံရခြင်းဖြစ်သည်။ 

ထိုင်းအာဏာပိုင်များက တရားမဝင် ရွှေ့ပြောင်းသူများကို ပို့ဆောင်ပေးသည့် လူကုန်ကူးသည့်ကွန်ရက်၏ အခြား အဖွဲဝင်များကို ဖမ်းဆီးရန် စုံစမ်းစစ်ဆေးမှုများ ဆက်လက် လုပ်ဆောင်နေကြောင်း ထိုင်းသတင်းဌာနတို့က ဖော်ပြထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts