Homeသတင်းထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၉ ဦး ဖမ်းဆီးရမိ

ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၉ ဦး ဖမ်းဆီးရမိ

-

ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၈ ဦးနှင့် ကားနှင့်ခေါ်လာသည့် မြန်မာအမျိုးသား ၁ ဦးတို့ကို ဖေဖော်ဝါရီ ၁၉ ရက် နံနက်ပိုင်းက ကင်းလှည့်နေသည့် ထိုင်းစစ်တပ်တို့က ဖမ်းဆီးခဲ့သည်ဟု ထိုင်းသတင်းဌာနဖော်ပြချက်အရ သိရသည်။

ဖမ်းဆီးခံရသူများသည် ကော့သောင်းကနေ ရေလမ်းကြောင်းဖြင့် ဝင်ရောက်လာပြီး ထိုင်းနိုင်ငံ၊ ရနောင်းခရိုင်၊ ကန်ချနဘူရီမြို့နယ် မယ်မုကျေးရွာတွင် ထိုင်းစစ်တပ်တို့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးခံရသူ ၉ ဦးတွင် ကားနှင့် လာကြိုသည့် အမျိုးသားတစ်ဦးအပါအဝင် အမျိုးသား ၇ ဦးနှင့် အမျိုးသမီး ၂ ဦးတို့ ပါဝင်ပြီး မော်လမြိုင်မြို့ကနေ လာရောက်ကြသည်ဟု သိရသည်။

ဖမ်းဆီးခံ မြန်မာနိုင်ငံသားများသည့် ပွဲစားခအဖြစ် ၁ ဦးလျှင် ထိုင်းဘတ် ၁၅,၀၀၀ ပေးချေပြီး တရားမဝင် ဝင်ရောက်ခဲ့သည်ဟုလည်း ထိုင်းစစ်တပ်က ဆိုသည်။

“တစ်နေ့တစ်နေ့ ဖမ်းမိနေတာ နည်းတာမဟုတ်ဘူး။ နိုင်ငံရေးအခက်အခဲဖြစ်နေတဲ့အချိန်မှာ စီးပွားရေးလည်း အဆင်မပြေတော့ စွန့်စားပြီးသွားကြတာများတယ်” ဟု ပွဲစားတစ်ဦးက ပြောသည်။

ဖမ်းဆီးရမိသူများကို ထိုင်းနိုင်ငံဥပဒေအရ အရေးယူနိုင်ရေး ရနောင်းခရိုင် ပေါက်ကျန်ရဲစခန်းကို ပို့ဆောင်ထားကြောင်း ထိုင်းသတင်းဖော်ပြချက်အရ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts