Homeသတင်းမော်လမြိုင် အထက (၈) ကျောင်းဘေးရှိ ရဲဝန်ထမ်းလိုင်းခန်း မိုင်းဖောက်ခွဲခံရ

မော်လမြိုင် အထက (၈) ကျောင်းဘေးရှိ ရဲဝန်ထမ်းလိုင်းခန်း မိုင်းဖောက်ခွဲခံရ

-

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ဖက်တန်းရပ်ကွက် အ.ထ.က (၈) ကျောင်းဘေးရှိ ရဲဝန်ထမ်းလိုင်းခန်းဝင်း ဖေဖေါ်ဝါရီ ၅ ရက်နေ့ ည ၈ နာရီခွဲအချိန်ခန့်က မိုင်းဖောက်ခွဲခံရကြောင်း မြို့ခံတို့ထံမှ သိရသည်။

မော်လမြိုင်မြို့ ရဲဝန်ထမ်းလိုင်းခန်းဝင်း မိုင်းဖေါက်ခွဲမှုဖြစ်စဥ်ကို Dawna Dragon Force၊ ဇာမဏိပြောက်ကျားအဖွဲ့ နှင့် ကမ်းရိုးတန်းပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့သည်ဟု အဆိုပါ အဖွဲ့တို့က ထုတ်ပြန်ထားသည်။

ရဲဝန်ထမ်းလိုင်းခန်းဝင်းအတွင်း ပေါက်ကွဲမှုကြောင့် လူထိခိုက်ခြင်း၊ အဆောက်အဦးပျက်ဆီးခြင်းမရှိကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတို့ထံမှ သိရသည်။

“ပေါက်ကွဲမှုက မြေကြီးပါတုန်သွားတယ်။ ကိုယ့်အိမ်နားမှာလိုပဲ အကျယ်ကြီးကြားရတယ်။ လူထိခိုက်တာ ဘာညာတော့ မကြားမိဘူး” ဟု မြို့ခံတစ်ဦးက ပြောသည်။

အသံမိုင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များရောက်ရှိလာပြီး လမ်းပိတ်ဆို့ခြင်း၊ စစ်ဆေးခြင်းများလုပ်ဆောင်ခဲ့ကြောင်း ရပ်ကွက်နေပြည်သူတို့၏ ပြောကြားချက်များအရ သိရသည်။

မော်လမြိုင်မြို့တွင် ရဲဝန်ထမ်းလိုင်းခန်းတွေ စစ်ကောင်စီစခန်းနေရာတွေမှာ ဗုံးဖောက်ခွဲခံရသည့်ဖြစ်စဥ် မကြာခဏဖြစ်ပွားလေ့ရှိသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts