Homeသတင်းမွန်သတင်းအေဂျင်စီလုပ်ငန်း အပြီးအပိုင်ပိတ်သိမ်းကြောင်း အသိပေးခြင်း

မွန်သတင်းအေဂျင်စီလုပ်ငန်း အပြီးအပိုင်ပိတ်သိမ်းကြောင်း အသိပေးခြင်း

-

၂၀၂၂ ခုနှစ် အောက်တိုဘာ (၅) ရက်။

                      ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းအေဂျင်စီလုပ်ငန်း ခွင့်ပြုချက်အမှတ် (၀၀၀၂၂) ဖြင့် မွန်ပြည်နယ် မော်လမြိုင်မြို့၌ ရုံးအခြေစိုက် ဖွင့်လှစ်ခဲ့သော မွန်သတင်းအေဂျင်စီ MNA တည်ထောင်သူအနေဖြင့် လုပ်ငန်း ဆက်လက်ဆောင်ရွက်ရန် စိတ်ဆန္ဒလုံးဝမရှိတော့ပါသဖြင့် ယနေ့မှစ၍ လုပ်ငန်းအပြီးအပိုင် ပိတ်သိမ်းလိုက်ပါကြောင်း ချစ်စွာသော ပရိသတ်အပေါင်း တို့ကို ဝမ်းနည်းစွာ အသိပေးအပ်ပါသည်။

                       ယင်းကဲ့သို့ မွန်သတင်းအေဂျင်စီလုပ်ငန်း ပိတ်သိမ်းသည့် ကိစ္စရပ်များကို သက်ဆိုင်သော အယ်ဒီတာများ၊ သတင်းထောက်များ၊ IT နည်းပညာရှိ Webmaster များနှင့် ဝန်ထမ်းတို့အား ရှင်းလင်းပြောဆိုဆွေးနွေးထားပြီး ဖြစ်ပါသဖြင့် နောက်နောင်တွင် မွန်သတင်းအေဂျင်စီအမည်ဖြင့် သတင်း ရယူရန် စေလွှတ်ထားခြင်း၊ Website, Social Media များအပါအဝင် မည်သည့်ပရိုဂရမ်များမှ သတင်းထုတ်လုပ်တင်ပြခြင်း မရှိတော့ပါကြောင်းလည်း ပရိသတ်များကို အကြောင်းကြားအပ်ပါသည်။

နှစ်ပေါင်းများစွာ စာဖတ် ပရိသတ်၏ သတင်းအချက်အလက်ရယူမှုအတွက် ရပ်တည် လာခဲ့သည့် မွန်သတင်းအေဂျင်စီကို ဆက်လက်ရပ်တည်နိုင်ခြင်း မရှိသည့်အတွက် များစွာ ဝမ်းနည်း စိတ်မကောင်း ဖြစ်ရကြောင်းလည်း စာဖတ်ပရိသတ်များကို ထပ်မံ စိတ်မကောင်းစွာပြောကြားလိုပါသည်။

                                                        ပုံ

                                                       အယ်ဒီတာချုပ်   

                                                      မွန်သတင်းအေဂျင်စီ

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts