Homeသတင်းမော်လမြိုင်မြို့ ကျောက်တန်းရပ်ကွက်တွင် အမျိုးသားတစ်ဦး ရေနစ်သေဆုံး

မော်လမြိုင်မြို့ ကျောက်တန်းရပ်ကွက်တွင် အမျိုးသားတစ်ဦး ရေနစ်သေဆုံး

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ စက်တင်ဘာ ၃၀)

မော်လမြိုင်မြို့၊ ကျောက်တန်းရပ်ကွက်ရှိ ငုဝါလမ်းတွင် ယမန့်နေ့ စက်တင်ဘာ ၂၉ ရက်နေ့ ညနေပိုင်းအချိန်ကအသက်ကြီးပိုင်း အမျိုးသားတစ်ဦး ခြေချော်ကျမူကြောင့် ရေနစ်သေဆုံးခဲ့ကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်ထံက သိရသည်။

ညနေ ၈နာရီခွဲအချိန်ခန့်က အသက် ၄၆ နှစ်ရှိ အမျိုးသားတစ်ဦးဟာ ရေတတ်လာသည့်အတွက် ခြေချော်ကျ၍ရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။

“သူက အဲဒီမှာ နဲနဲသောက်ထားတယ်။ ရေကတတ်လာတော့ ရေပြည့်တဲ့အချိန်မှာ ချော်ကျပြီး အဲဒီမှာ လဲသွားတယ်။ ပြန်မတတ်လာနိုင်ဘူး” ဟု လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ရေနစ်သေဆုံးခဲ့ပြီးနောက် အေးမြကြည်လင်အရေးပေါ် ကယ်ဆယ်ရေးအသင်းထံသို့ ဖုန်းဆက်အကြောင်းကြားလာသဖြင့်အသင်းမှ သွားရောက်ကာ ရေနစ်သေဆုံးသူ ရုပ်အလောင်းကို မော်လမြိုင်ဆေးရုံကြီး OPD မှ တစ်ဆင့်ရင်ခွဲရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

အလားတူ မော်လမြိုင်မြို့ သီရိမြိုင်ရပ်ကွက် စာရေးကြီးကုန်းတံတား စာသင်ကျောင်းဘေး ရေမြောင်းတစ်ခုတွင်သြဂုတ် ၂၃ ရက်နေ့ နံနက်ပိုင်းက အမျိုးသားတစ်ဦး ရေနစ်သေဆုံးခဲ့သည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts