Homeသတင်းမော်လမြိုင်မြို့တွင် အမျိုးသားတစ်ဦး ကြိုးဆွဲချ သေဆုံးမှုဖြစ်ပွား

မော်လမြိုင်မြို့တွင် အမျိုးသားတစ်ဦး ကြိုးဆွဲချ သေဆုံးမှုဖြစ်ပွား

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ ဩဂုတ် ၂၉)

မော်လမြိုင်မြို့နယ်၊ သီရိမြိုင်ရပ်ကွက်၊ ၁၉လမ်းတွင် နေထိုင်သည့် အမျိုးသားတစ်ဦး ဩဂုတ်လ ၂၈ ရက် ညပိုင်းက ကြိုးဆွဲချကာ အဆုံးစီရင်ခဲ့ကြောင်း သိရသည်။

သေဆုံးသူမှာ သီရိမြိုင်ရပ်ကွက် (၁၉) လမ်းနေ အသက် ၄၈ နှစ်အရွယ် ဦးနိုင် (အမည်လွှဲ) ဆိုသူဖြစ်ပြီး စားဝတ်နေရေး အခက်အခဲကြောင်း အဆုံးစီရင်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း မြို့ခံတစ်ဦးက ပြောသည်။

“အဓိကက စားဝတ်နေရေးပြသာနာပေါ့။ အိမ်မှာက သူလုပ်စာတစ်ခုထဲနဲ့ဆိုတော့ ဘယ်လိုမှ အဆင်မပြေဘူးလေ။ ဆိုက္ကားတွေကလည်း အရင်လိုမနင်းရတော့ သူအတွက် ပိုဆိုးတာပေါ့။ လင်မယားစကားတွေများကြနဲ့ သူ့အတွက်ဖိအားတွေ များ‌မှာပေါ့” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် မိသားစုဝင် ၅ ဦး ကျန်ရစ်ခဲ့ပြီး သားသမီးလေးဦးအနက် ကလေးငယ် နှစ်ဦး ကျန်နေခဲ့ကြောင်း မြို့ခံတစ်ဦးက ပြောသည်။

သေဆုံးသူ၏ ရုပ်အလောင်းကို မော်လမြိုင်ပြည်သူ့ဆေးရုံကြီး OPT သို့ပို့ဆောင်ပေးခဲ့ပြီး ဆေးရုံကြီးရှိ ရင်ခွဲရုံသို့ ဆက်လက်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့် ဩဂုတ်လ ၂၄ ရက်တွင် မော်လမြိုင်မြို့၊ ဈေးကြိုရပ်ကွက်၊ ဒေါင်းဇရပ်၊ ဇီးပင်လမ်းကြားရှိ နေအိမ်တစ်လုံးမှ အမျိုးသားတစ်ဦးမှာ ကြိုးဆွဲချကာ အဆုံးစီရင်ခဲ့မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 Topics; #မော်လမြိုင် #ကြိုးဆွဲချ #အမျိုးသား #သေဆုံး #စားဝတ်နေရေး #အခက်အခဲ

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,400SubscribersSubscribe

Latest posts