Homeငြိမ်းချမ်းရေးကော့ဒွတ်အုပ်ချုပ်ရေးမှူး ဦးစန်းဝင်းနှင့် မော့ကနင်ကျေးရွာနေ ကိုဇော်တို့ကို ရေးမြို့နယ် PDF ပစ်ခတ်သတ်ဖြတ်ခဲ့ဟုသိရ

ကော့ဒွတ်အုပ်ချုပ်ရေးမှူး ဦးစန်းဝင်းနှင့် မော့ကနင်ကျေးရွာနေ ကိုဇော်တို့ကို ရေးမြို့နယ် PDF ပစ်ခတ်သတ်ဖြတ်ခဲ့ဟုသိရ

-

မွန်သတင်းအေဂျင်စီ (၂၀ ဇူလိုင် ၂၀၂၂)

ရေးမြို့နယ် ကော့ဒွတ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစန်းဝင်း (ခေါ်) ဆဒ္ဒန်နှင့် မော့ကနင်ကျေးရွာနေ ကိုဇော်တို့ကို ရေးမြို့နယ် PDF အဖွဲ့က ယနေ့မွန်းလွဲပိုင်းအချိန်တွင် ကော့ဒွတ်ကျေးရွာ သုသာန်၌ ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ယုံကြည်စိတ်ချရသောသတင်းရပ်ကွက်မှအဆိုအရ နန်းထိုက်အောင်စစ်ဆင်ရေးအမည်ဖြင့် ၂၀-၇-၂၀၂၂ ရက်စွဲဖြင့် လူမှုကွန်ယက်ပေါ်က ထုတ်ပြန်ချက်တစ်စောင်တွင် ဒေသခံတို့၏တိုင်ကြားချက်ကြောင့် ကော့ဒွတ်ကျေးရွာအုပ်ကြီး စန်းဝင်းနှင့် မော့ကနင်ကျေးရွာနေ ကိုဇော် တို့နှစ်ဦးကို ကော့ဒွတ်ကျေးရွာသုသာန်၌ ယနေ့မွန်းလွဲ ၁း၃၀ အချိန်ခန့် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သိရသည်။

ကော့ဒွတ်ကျေးရွာသုသာန်၌ ယနေ့မွန်းလွဲပိုင်းအချိန်တွင် အသုဘအခမ်းအနားနှစ်ခု ဆောင်ရွက်ခဲ့ကြောင်း၊ အသုဘအခမ်အနားသို့ ရွာသားအများအပြားစုရုံးရောက်ရှိနေသည့်အပြင် အနီးအနားပတ်ဝန်းကျင်ကျေးရွာမှလည်း လာရောက်ခဲ့ကြောင်း၊ အသုဘအခမ်းအနားလာရောက်သူ ဦးစန်းဝင်းနှင့် ကိုဇော်တို့နှစ်ဦးကို သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခဲ့သည်ကို ရွာသားများကိုယ်တိုင် မြင်တွေ့ခဲ့ရသည်ဟု မျက်မြင်တွေ့ရှိသူများက ဆိုသည်။  

အသက် ၅၅ နှစ်ဝန်းကျင်ရှိ ဦးစန်းဝင်းသည် သမ္မတဦးသိန်းစိန်လက်ထက်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ကြိမ်ထမ်းဆောင်ခဲ့ကြောင်း၊ NLD အစိုးရလက်ထက်အုပ်ချုပ်ရေးမှုးအသစ် မဲစနစ်ဖြင့်ပြန်လည်ရွေးချယ်ခဲ့ရာတွင် ရှုံးနိမ့်ခဲ့ကြောင်း၊ သို့သော်လည်း ယခုစစ်အာဏာသိမ်းကာလတွင် ကော့ဒွတ်ကျေးရွာအုပ်ချုပ်ရေးမှူးတာဝန်ကို ဒုတိယအကြိမ်ပြန်လည်ရရှိခဲ့ကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts