Homeသတင်းသံဖြူဇရပ် - ရေး လမ်းမကြီးတွင် ပိုင်ရှင်မဲ့ ရုပ်အလောင်း တစ်လောင်းတွေ့ရှိ

သံဖြူဇရပ် – ရေး လမ်းမကြီးတွင် ပိုင်ရှင်မဲ့ ရုပ်အလောင်း တစ်လောင်းတွေ့ရှိ

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ ဇူလိုင်၊ ၁၂)

မွန်ပြည်နယ် ရေးမြို့နယ် သံဖြူဇရပ် – ရေးလမ်းမကြီး စံပြကျေးရွာနှင့် နှင်းစုံကျေးရွာ အကြားရှိ ရေမြောင်းတစ်ခုအတွင်း ပိုင်ရှင်မဲ့ ရုပ်အလောင်းတစ်လောင်း တွေ့ရှိကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်ထံက သိရသည်။

ဇူလိုင် ၁၁ ရက်က ရဲတပ်ဖွဲ့ဝင်များမှ လူမူကယ်ဆယ်ရေးအဖွဲ့ထံ အကြောင်းကြာလာရာမှ ရေမြောင်းတွင် ပုပ်သိုးနေသည့် ရုပ်အလောင်းကို သွားရောက်ကူညီပေးခဲ့ကြောင်း ၎င်း ပြောသည်။

လူမူကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက “လမ်းဘေးမှာ ဆိုင်ကယ်မှောက်ထားတယ်လို့ ရဲက ပြောတယ်။ အလောင်းက ကြာပြီ။ ၂ ရက်၊ ၃ ရက်လောက်။ ပုပ်သိုးနေတယ်” ပြောသည်။

အဆိုပါ ဆိုင်ကယ်မှောက်ပြီး ပိုင်ရှင်မဲ့ သေဆုံးသူ ရုပ်အလောင်းတွင် ဦးခေါင်း၊ ခြေ၊ လက်များမှာ  ထိခိုက်ဒဏ်ရာ အပြင်းအထန်ရရှိထားပြီး ရွှေဟင်္သာလူမူကူညီရေးအသင်းမှ သယ်ယူပို့ဆောင်ကာ လမိုင်းဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts