Homeသတင်းရေးမြို့နယ်တွင် အမျိုးသားတစ်ဦး သေနတ်ထိမှန်ကာ ပွဲချင်းပြီး သေဆုံး

ရေးမြို့နယ်တွင် အမျိုးသားတစ်ဦး သေနတ်ထိမှန်ကာ ပွဲချင်းပြီး သေဆုံး

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ ဇူလိုင် ၈)

မွန်ပြည်နယ်၊ ရေးမြို့နယ် အာယုတောင်ကျေးရွာ အနောက်ပိုင်း ဘုန်းတော်ကြီးကျောင်းအနားတွင် မောင်းတင်ထားသည့် သေနတ်ဖြင့် ချော်လဲမှုကြောင့်  အမျိုးသားတစ်ဦးကို ကျည်ထိမှန်ကာ ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၆ ရက် ညပိုင်းက အာယုတောင်ကျေးရွာ အုပ်ချုပ်ရေးမှူး၏ လက်အောက်ခံ တစ်ဦးမှ ခွင့်ပျက်ကွက်သည့်အတွက် သွားခေါ်ရာမှ လူသေဆုံးမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ခွင့်ပျက်ကွက်နေတဲ့ တပည့်အနောက်ကို သူတို့ ၂ ယောက်သွားလိုက်တယ်။ တစ်ယောက်က သေနတ်ယူသွားတယ်။ အဲဒီသေနတ် မောင်းတင်ထားတာကို သူမသိဘူး ချော်လဲပြီး အဲမောင်းတင်ထားတဲ့ သေနတ်နဲ့ပဲ သူနဲ့ လိုက်ပါလာတဲ့ အမျိုးသားတစ်ယောက်ကို ထိမှန်ပြီး သေဆုံးခဲ့ရတယ်” ဟု ၎င်းက ပြောသည်။

ခွင့်ပျက်ကွက်သူ ဦးအောင်ဝင်းကို သွားခေါ်ဆိုရာတွင် ဦးလေး (ခ) အလေးနှင့် တပည့်ဖြစ်သူ အချွန်းတို့ သွားရောက်ခဲ့ကြောင်း၊ ဦးလေး (ခ) အလေး၏ ချော်ကျမှုကြောင့် အချွန်းအား သေနတ်မှန်းထိ သေဆုံးခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

အသက် ၃၀ ရှိ အချွန်းမှာ အာယုတောင်ကျေးရွာ ရပ်ကွက် (၂) တွင် နေထိုင်သူဖြစ်ပြီး ရုံးပိုင်းလခစား တစ်လ ၁ သိန်းဖြစ် လုပ်ကိုင်နေသူ ဖြစ်ကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,400SubscribersSubscribe

Latest posts