Homeသတင်းရေး - မော့ကနင် လမ်းမကြီးမှာ အမျိုးသားတစ်ဦးဓါးမြတိုက်ခံရ

ရေး – မော့ကနင် လမ်းမကြီးမှာ အမျိုးသားတစ်ဦးဓါးမြတိုက်ခံရ

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ ဇူလိုင် ၂)

မွန်ပြည်နယ် ရေးမြို့နယ် ရေး – မော့ကနင် လမ်းမကြီးအကြားမှာ ဇူလိုင် ၁ ရက်က အမျိုးသားတစ်ဦး ဓါးမြတိုက်ခံရပြီး ငွေသိန်း ၅၀ ကျပ် ပါသွားကြောင်း သိရသည်။

သေနတ်ကိုင်ဆောင်ထားသည့် အမည်မသိ အမျိုးသား ၆ ဦးမှ ဓါးမြတိုက်သွားခြင်းဖြစ်ကြောင်း ဓါးမြတိုက်ခံရသည့် ကိုအောင်နိုင်က မွန်သတင်းအေဂျင်စီကို ပြောသည်။

“ကျနော်က တစ်ချို့လူတွေ ကားပေးရပ်ရင်တော့ မရပ်ဘူး။ အခုက သေနတ်လွယ်ထားတယ်ဆိုတော့ ကားလိုင်စင် စစ်တယ်လို့ ထင်လိုက်တာ ကားရပ်ပေးလိုက်ရတယ်လို့” ဟု ပြောသည်။

အဆိုပါ သေနတ်သမား ၆ ဦးက ၎င်းကို သေနတ်ဖြစ် ခြိမ်းခြောက်ခြင်း သာမက လက်ကို သံကြိုးနှင့် သော့ခတ်ထားကာ ရေးမြို့ဘက်သို့  ကားဖြင့် မောင်းနှင်ထွက်ပြေးသွားကြောင်း ၎င်းက ပြောသည်။

“သူတို့က ကျနော် လက်ကို သံကြိုးနဲ့ သော့ခတ်ပြီး ကားအောက်မှာ ရှာဖွေတော့ ကျနော် ပိုက်ဆံ သိန်း ၅၀ ကိုယူသွားပြီး ကျနော်ကို ကားထဲမှာ မှန်ပိတ်ထားခဲ့တယ်” ဟု ၎င်းက ပြောသည်။

ဦးအောင်နိုင်က ရေးမြို့ သီရိခေမာရပ်ကွက်တွင် နေထိုင်သူတစ်ဦးဖြစ်ပြီး ကြက်မွေးမြူးရေးဖြင့် ကိုယ်ပိုင်စီးပွားရေး တစ်ပိုင်တစ်နိုင် လုပ်ကိုင်နေသူတစ်ဦး ဖြစ်ကြောင်း သိရသည်။

၎င်းက ကြက်စာအတွက် ဘဏ်ကနေ ငွေလွဲရန် ခက်ခဲမှုရှိသောကြောင့်  ရေးမြို့မှ မုဒုံမြို့သို့  ကားဖြင့် ကိုယ်တိုင်ငွေပို့နေသည်မှာ ၈ နှစ်ကြာပြီ ဖြစ်ကြောင်း သိရသည်။

ရေး – မော့ကနင် လမ်းမကြီးအကြားတွင် မကြာခဏ လုယက်မှုများဖြစ်ပွားလျှက်ရှိပြီး ယခင်နှစ်က ဆိုင်ကယ်တစ်စီး လုယက်မှုကြောင့် လူသတ်မှုဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များလည်း ရှိသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts