Homeသတင်းတရုတ်မှ ကွမ်းသီးနု အဝယ်လိုက်သောကြောင့် ကွမ်းသီးဈေးတက်

တရုတ်မှ ကွမ်းသီးနု အဝယ်လိုက်သောကြောင့် ကွမ်းသီးဈေးတက်

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ ဇူလိုင် ၂)

တရုတ်နိုင်ငံမှ မွန်ပြည်နယ်ထွက် ကွမ်းသီးနုများကို အဝယ်လိုက်နေသောကြောင့် ဈေးကွက်အတွင်း ကွမ်းသီး ဈေးတက်လာကြောင်း တောင်သူများထံက သိရသည်။

ပြီးခဲ့သည့်နှစ်မှ စတင်ကာ အရည်သောက်အရွယ် ကွမ်းသီးအနုများကို တရုတ်ကုန်သည်များက တောင်သူတွေဆီမှ တိုက်ရိုက်ဝယ်ယူနေကြောင်း ကွမ်းစိုက်တောင်သူ တစ်ဦးက ပြောသည်။

“တရုတ် ဈေးကွက် မနှစ်ထဲက ဝင်နေပြီး၊ ဒီနှစ်ကတော့ ပထမဆုံး ပေါ်တဲ့ အစိမ်းသီးတွေကို ယူတာ ပိုများတယ်၊ သူတို့က ဟို့တောထိ သွားဆင်း ဝယ်တာ”ဟု ၎င်းက ပြောသည်။

ယခင်နှစ်တွင် ကွမ်းသီးအနု တစ်လုံးကို အရွယ်အစားအလိုက် ၂၅ ကျပ် မှ ၃၅ ကျပ်ထိသာ ဈေးရရှိခဲ့သော်လည်း ယခုနှစ်တွင် ၅၀ ကျပ် မှ ၆၀ ကျပ်ထိ ဈေးပေးကာ ဝယ်ယူနေကြောင်း ၎င်းက  ဆက်ပြောသည်။

မွန်ပြည်နယ် ဈေးကွက်အတွင်း ကွမ်းသီးနု လက်ကျန်နည်းလာသောကြောင့် ဝယ်ယူမှုလည်း သွက်လာနေကြောင်း ကွမ်းခြံလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

“အခုက ဈေးကွက်အလှုပ်ဆုံးအချိန်ပဲ။ လက်ကျန်နည်းနေတယ်။ ဝယ်ယူတာလည်း သွက်နေတယ်ဆိုတော့ ဈေးက ရောင်းသူပေါ်မှာ မူတည်နေတာပေါ့”ဟု ၎င်းက ပြောသည်။

ကွမ်းသီး ရာသီကုန်ချိန်ဖြစ်တာကြောင့် ဈေးကွက်အတွင်း လက်ကျန်နည်းလာပြီး ဈေးနှုန်းလည်း မြင့်နေကြောင်း ၎င်းက ဆက်ပြောသည်။

မွန်ပြည်နယ်မှ ထွက်ရှိသော ကွမ်းသီးနုများကို တရုတ်နိုင်ငံသို့ အဓိက တင်ပို့နေသော်လည်း ယခုနှစ်တွင် ထိုင်း၊ မလေးရှားနှင့် စင်ကာပူနိုင်ငံသို့လည်း တင်ပို့နေကြောင်း သိရသည်။

မွန်ပြည်နယ်အတွင်း ရေးနှင့် သံဖြူဇရပ်မြို့နယ်တို့တွင် ကွမ်းသီး အဓိက ထွက်ရှိသော မြို့နယ်များ ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts