Homeသတင်းကျိုက်ထီးရိုးဘုရားကို နွေ မိုး ဆောင်း သုံးရာသီ တက်ရောက်ဖူးမျှော်နိုင်

ကျိုက်ထီးရိုးဘုရားကို နွေ မိုး ဆောင်း သုံးရာသီ တက်ရောက်ဖူးမျှော်နိုင်

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ ဇွန် ၁၀)

ကျိုက်ထိုမြို့နယ်အတွင်းရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်ကို မိုးတွင်းရောက်သော်လည်း ဘုရားဖူးခွင့် ပြုထားလျှက်ရှိကြောင်း သိရသည်။

ဘုရားဖူးများနေဖြင့် ကျိုက်ထီးရိုးစေတီတော်သို့ နွေ၊ မိုး၊ ဆောင်း ဥတုသုံးပါးမရွေး ဖူးမျှော်နိုင်ရန် ဘုရားဖူးခွင့်ပြုထားကြောင်း  ကျိုက်ထီးရိုးဂေါပက အဖွဲ့ မှ ဦးစိုးကလှက ပြောသည်။

“ကျွန်တော်တို့ ကျိုက်ထီးရိုးဘုရားက ပိတ်တာမရှိဘူးဗျ။ သီတင်းကျွတ်လပြည့်နေ့ ကနေ ကဆုန်လပြည့်နေ့ အထိက ၇ လတာ ဘုရားပွဲလို့ သတ်မှတ်ထားတယ် ဒါပေမဲ့ ဘုရားကြီးကိုတော့ ဥတုသုံးပါးလုံး အမြဲဖွင့်လှစ်ထားဆဲပါ” ဟု ၎င်းက ပြောသည်။

ဒါ့အပြင် မိုးတွင်းရောက်သော်လည်း ထမင်းဆိုင်နှင့် တည်းခိုနေရာတွေကို ဆက်လက်ဖွင့်ထားဆဲဖြစ်ပြီး ဘုရားဖူးဧည့်သည်များ သွားလာရေး လွယ်ကူစေရန် အလှည့်ကျ ကြိုပို့စနစ်လည်း စီစဉ်ထားကြောင်း ဦးစိုးလှက ဆက်ပြောပါတယ်။

ပြီးခဲ့သည့် မေလအတွင်း ကျိုက်ထီးရိုးစေတီသို့ ပြည်တွင်း၊ ပြည်ပ ခရီးသွား ၁၂၀၀၀၀ ကျော်လာရောက်ခဲ့ပြီး ခရီးသွားဝင်ရောက်မှုတွင် နိုင်ငံခြားမှ ၈၀၀၀၀ ခန့်ဝင်ရောက်ခဲ့ကြောင်း ဂေါပကအဖွဲ့တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

“နိုင်ငံခြား ဘုရားဖူး ဧည့်သည်ကတော့ ၈၀၀၀၀ သောင်းလောက်ဝင်တယ်၊ အဲဒီ နိုင်ငံခြား ဧည့်သည်ထဲကဆိုရင် ထိုင်းနိုင်ငံက အများဆုံး လာဖြစ်တယ်” ဟု တာဝန်ရှိသူက ဆိုသည်။

ပြီးခဲသည့် ကဆုန်လပြည့်နေ့ ကျိုက်ထီးရိုးတောင်တော်ပိတ်ပွဲတွင်လည်း ဘုရားဖူးဧည့်သည်များ ဝင်ရောက်နေဆဲဖြစ်ကာ ပြည်တွင်းခရီးသွားစုစုပေါင်း ၄၂၆၂၉ ဦးခန့်ရှိကြောင်းလည်း သိရသည်။

ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော်မြတ်ကြီးသို့ ပြီးခဲ့သည့် ကိုဗစ်မတိုင်ခင်နှစ်များတွင် ပြည်တွင်းပြည်ပ ဘုရားဖူး ၃ သိန်းခန့် နှစ်စဉ်ဝင်ရောက်လေ့ရှိကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts