Homeသတင်းသထုံမြို့နယ်တွင် စိတ်ဝေဒနာရှင် သားဖြစ်သူမှ မိခင်ဖြစ်သူကို ပေါက်ပြားဖြင့် ခုတ်သတ်

သထုံမြို့နယ်တွင် စိတ်ဝေဒနာရှင် သားဖြစ်သူမှ မိခင်ဖြစ်သူကို ပေါက်ပြားဖြင့် ခုတ်သတ်

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ ဇွန် ၁၀)

သထုံမြို့နယ် ပေါ်တော်မူကျေးရွာ ဂျိုင်းလမ်းတွင် ဇွန်လ ၉ ရက် မနက်ပိုင်းက စိတ်ဝေဒနာရှင် သားဖြစ်သူမှ မိခင်ဖြစ်သူကို ပေါက်ပြားဖြင့် ခုတ်သတ်ခဲ့ကြောင်း သိရသည်။

အသက် ၇၇ နှစ်ရှိ ဒေါ်ငွေရင်မှာ တစ်အိမ်တည်းနေသည့် အသက် ၅၀ အရွယ် စိတ်ဝေဒနာရှင် သားဖြစ်သူ ဦးမြင့်ဆွေက ပေါက်ပြားဖြင့် ခုတ်သတ်ခဲ့ပြီးနောက် ၎င်းကိုယ်တိုင်လည်း သွေးလန့်ကာ နေရာမှာတင် သေဆုံးခဲ့ကြောင်း ဒေသခံများထံက သိရသည်။

“‌ပထမက ဆူညံ့နေတာပဲ ကြားတာ။ နောက်မှ လာကြပါဦး ကယ်ကြပါဦးအော်မှ အကုန်လုံးက ပြေးလာကြတာ။ ရောက်တော့ ဆွဲကြ တားကြနဲ့ ဒါပေမယ့် ဒေါ်ငွေရင်ကတော့ အသက်မရှိတော့ဘူး။ မြင့်ဆွေကိုလည်း ထိန်းပြီး ကြိုးချုပ်ထားလိုက်ကြတယ်။ ပြီးတော့ ဒေါ်ငွေရင်အလောင်းကို ဆေးရုံပို့ဖို့လုပ်ကြတာ။ ပြန်လာကြည့်ကြတော့ မြင့်ဆွေက ငြိမ်နေတယ်။ အသက်မရှုတော့ဘူး”ဟု ၎င်းက ပြောသည်။

ဦးမြင့်ဆွေသည် လွန်ခဲ့သည့် နှစ် ၂၀ ကျော်အချိန်ကတည်းက စိတ်ဝေဒနာခံစားနေရသူ ဖြစ်ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

သေဆုံးခဲ့သည့် ဒေါ်ငွေရင်နှင့် သားဖြစ်သူ မြင့်ဆွေတို့၏ ရုပ်အလောင်းကို သထုံခရိုင် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

ဒေါ်ငွေရင် သေဆုံးခဲ့မှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး မြင့်ဆွေ (သေဆုံး) အပေါ်လူသတ်မှုဖြင့် အမှုဖွင့်ထားပြီး  မြင့်ဆွေ သေဆုံးမှုနှင့် ပတ်သက်ပြီးလည်း သေမှုသေခင်းဖွင့်ကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

Photo  အကြင်နာတွဲလက်အသင်း (သထုံ)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,400SubscribersSubscribe

Latest posts