မော်တော်ယာဉ် “စုံ”/ “မ" ရက် ခွဲခြားမောင်းနှင်မှုကို ပယ်ဖျက်၍ ပုံမှန်အတိုင်း ပြန်လည်မောင်းနှင်နိုင်ပါကြောင်း စစ်အုပ်စု နေပြည်တော် သတင်းပြန်ကြားရေးအဖွဲ့မှ ယနေ့ စက်တင်ဘာ ၉ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
စက်သုံးဆီသုံးစွဲမှုသည် ပုံမှန်အတိုင်း တည်ငြိမ်သည့်အခြေအနေသို့ ရောက်ရှိလာပြီးဖြစ်သဖြင့် သွားလာရေးအဆင်ပြေချောမွေ့စေရန်နှင့် စီးပွားရေးလုပ်ငန်းများ အရှိန်အဟုန်မပြတ်လည်ပတ်စေရန် ပယ်ဖျက်လိုက်ကြောင်း ထုတ်ပြန်ချက်တွင် ဆိုသည်။
သို့သော် စက်သုံးဆီဝယ်ယူရောင်းချခြင်းကို “စုံ”/ “မ" ရက်စနစ်-QR Code သတ်မှတ်ချက်နှင့်အညီ ဆက်လက်ဝယ်ယူရမည်ဟု အသိပေးထားသည်။
အရှေ့အလယ်ပိုင်းဒေသ စစ်ရေးပဋိပက္ခများကြောင့် စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးနှင့် ဖူလုံမှုရှိစေရေးဆိုကာ “စုံ”/ “မ" ရက် ခွဲခြားမောင်းနှင်မှုကို စစ်ကော်မရှင်က မတ်လ ၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။





