HomeCovid 19ရေးမြို့နယ် အစင်ကျေးရွာတွင် နှစ်ရက်အတွင်း ကိုဗစ်အတည်ပြုလူနာ ၁၀၇ဦး တွေ့ရှိ

ရေးမြို့နယ် အစင်ကျေးရွာတွင် နှစ်ရက်အတွင်း ကိုဗစ်အတည်ပြုလူနာ ၁၀၇ဦး တွေ့ရှိ

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ ဖေဖော်ဝါရီ ၂၈)

မွန်ပြည်နယ်၊ ရေးမြို့နယ် အစင်ကျေးရွာတွင် နှစ်ရက်အတွင်း ကိုဗစ်‌ရောဂါ အတည်ပြုလူနာ ၁၀၇ ဦးထိ တွေ့ရှိခဲ့ကြောင်း ရေးမြို့နယ် ကို‌ဗစ်အရေး ကူညီနေသူများထံက သိရသည်။

ဖေဖော်ဝါရီ ၂၆ရက်နှင့် ၂၇ရက် နှစ်ရက်အတွင်း ကူးစက်ခံရခြင်းဖြစ်ပြီး အများစုမှာ ဆရာမများနှင့် ကျောင်းသူ၊ ကျောင်သားများဖြစ်ကြောင်း မေတ္တာစမ်းရေ လူမှုကူညီရေးအသင်းမှ ဦးကိုကိုအောင်က ပြောသည်။

“အခြေခံပညာအထက်တန်း ကျောင်းတွေမှာ ကိုဗစ် ကူးစက်မှုက တော်တော်များနေတယ်။ အစင်မူလတန်း ကျောင်းမှာဆို မနေ့ကလည်း များတယ်။ ဒီနေ့လည်း ကူးစက်တာ တွေ့တာများတယ်”ဟု ၎င်းက ပြောသည်။

အစင် မူလွန်ကျောင်း နှင့် အထက ကျောင်းများတွင် ကိုဗစ်ကူးစက်မှု နှုန်း တစ်ရက်ထက် တစ်ရက် ပိုများလာနေကြောင်း ၎င်းက ပြောသည်။

ပရဟိတ လုပ်ကိုင်နေသူ တစ်ဦးက “အခုက ရောဂါလက္ခဏာ ပြင်းထန်တာမျိုးတော့ မတွေ့ရသေးဘူး။ ရောဂါပိုးတွေ့တယ်။ ဒါပေမယ့် သိသိသာသာ ခံစားနေရတဲ့ပုံမျိုးတွေတော့ မတွေ့ရဘူး” ဟု ပြောသည်။

ရောဂါပိုး တွေ့ရှိသည့် ကျောင်းသူ ကျောင်းသား များကို ကလေးအထူးကု ဆေးခန်းတွင် တစ်ရက် စောင့်ကြည့်ပြီး Quarantine ၁၂ ရက် ထားရှိမည် ဖြစ်ကြောင်း သိရသည်။

ရေးမြို့နယ်တွင် ဖေဖော်ဝါရီ ၁၇ရက် မှ စတင်ကာ ဖေဖော်ဝါရီ ၂၇ရက်အထိ  ကိုဗစ် ၁၉ အတည်ပြုလူနာ ၂၀၀ ဦးခန့် တွေ့ရှိထားကြောင်း သိရသည်။

ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ မွန်ပြည်နယ်တွင် တစ်ပတ်အတွင်း ကိုဗစ် ရောဂါ ဖြစ်ပွားသူ ၁၀၈၅ ဦးထိ ရှိပြီး သေဆုံးသူ ၄ ဦး ရှိကြောင်း ထုတ်ပြန်ထားသည်။

ကျန်းမာရေးဝန်ကြီးဌာနမှ ဖေဖော်ဝါရီ ၂၇ ရက် ည ၈ နာရီထုတ်ပြန်ချက်အရ ဓါတ်ခွဲအတည်ပြုလူနာသစ် (၁၉၅၉) ဦး တွေ့ရှိခဲ့ပြီး ရောဂါပိုးတွေ့ရှိမှုနှုန်း (၉.၄၅) ရာခိုင်နှုန်းရှိကြောင်း ထုတ်ပြန်ခဲ့သည်။

ရေးမြို့နယ် အစင်ကျေးရွာတွင် နှစ်ရက်အတွင်း ကိုဗစ်အတည်ပြုလူနာ ၁၀၇ဦး တွေ့ရှိမွန်သတင်းအေဂျင်စီ (၂၀၂၂ ဖေဖော်ဝါရီ ၂၈)မွန်ပြည်နယ်၊ ရေးမြို့နယ် အစင်ကျေးရွာတွင် နှစ်ရက်အတွင်း ကိုဗစ်‌ရောဂါ အတည်ပြုလူနာ ၁၀၇ ဦးထိ တွေ့ရှိခဲ့ကြောင်း ရေးမြို့နယ် ကို‌ဗစ်အရေး ကူညီနေသူများထံက သိရသည်။ဖေဖော်ဝါရီ ၂၆ရက်နှင့် ၂၇ရက် နှစ်ရက်အတွင်း ကူးစက်ခံရခြင်းဖြစ်ပြီး အများစုမှာ ဆရာမများနှင့် ကျောင်းသူ၊ ကျောင်သားများဖြစ်ကြောင်း မေတ္တာစမ်းရေ လူမှုကူညီရေးအသင်းမှ ဦးကိုကိုအောင်က ပြောသည်။"အခြေခံပညာအထက်တန်း ကျောင်းတွေမှာ ကိုဗစ် ကူးစက်မှုက တော်တော်များနေတယ်။ အစင်မူလတန်း ကျောင်းမှာဆို မနေ့ကလည်း များတယ်။ ဒီနေ့လည်း ကူးစက်တာ တွေ့တာများတယ်"ဟု ၎င်းက ပြောသည်။
Caption: အစင်ကျေးရွာအဝင် ဆိုင်းဘုတ် (Internet)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts