spot_img
Friday, February 13, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးချောင်ဆုံမြို့နယ် NLD အမတ်ဟောင်းနေအိမ်များ ချိတ်ပိတ်ခံရ

    ချောင်ဆုံမြို့နယ် NLD အမတ်ဟောင်းနေအိမ်များ ချိတ်ပိတ်ခံရ

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ ဖေဖော်ဝါရီ ၂၂)

    မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် အမတ်ဟောင်း နေအိမ်များ ချိတ်ပိတ်ခံခဲ့ရကြောင်း ဒေသခံများထံက သိရသည်။

    ချောင်းဆုံမြို့နယ် ကွမ်သဲကျေးရွာမှ ပြည်သူ့လွှတ်တော်အမတ်ဟောင်း ဒေါ်မိချိူသဲနှင့် အမျိုးသားလွှတ်တော် အမတ်ဟောင်း ဦးလင်းတင်ဌေးတို့၏ နေအိမ်ကို ဖေဖော်ဝါရီ ၂၁ရက် ညနေပိုင်းက ချိတ်ပိတ်ခဲ့ခြင်း ဖြစ်သည်။

    ယင်း NLD  အမတ်ဟောင်းများကို အကြမ်းဖက်အဖွဲ့အစည်းများဖြင့် ဆက်စပ်သည်ဆိုသော အကြောင်းပြချက်ဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လာရောက်ချိတ်ပိတ်ခဲ့ခြင်း ဖြစ်သည်။

    ဒေါ်မိချိုသဲကို နစကကောင်စီက အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည)၊ ၅၁ (ဂ)၊ ၅၂(စ) တို့ဖြင့် အမှုဖွင့် တရားစွဲဆိုထားသလို ဦးလင်းတင်ဌေးကိုလည်း ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က)၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည) ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

    ဒေါမိချိုသဲသည်  ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိခဲ့သူ ဖြစ်ပြီး ဦးတင်လင်းဌေးမှာ ၂၀၁၅ နှင့် ၂၀၂၀ ရွေးကောက်ပွဲတွင် နှစ်နှစ်ဆက်တိုက် အနိုင်ရရှိခဲ့သည်။

    လက်ရှိ မွန်ပြည်နယ်အတွင်းတွင် ချောင်းဆုံအမတ်ဟောင်းနှစ်ဦး အပါအဝင် အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်သွယ်မှုဖြင့် NLD အမတ်ဟောင်းနေအိမ် (၆) လုံးအထိ ချိတ်ပိတ်ခံရကြောင်း သိရသည်။

    Caption: ချိတ်ပိတ်ခံရသော ဒေါ်မိချိုသဲနေအိမ် (Photo-Internet)


    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks