Homeသတင်းအလုပ်အကိုင်ဖြင့် လိမ်လည်ကာ ပိတ်လှောင်အဓမ္မပြုကျင့်ခံရသူ မွန်အမျိုးသမီး ထွက်ပြေးလွတ်မြောက်

အလုပ်အကိုင်ဖြင့် လိမ်လည်ကာ ပိတ်လှောင်အဓမ္မပြုကျင့်ခံရသူ မွန်အမျိုးသမီး ထွက်ပြေးလွတ်မြောက်

-

ထိုင်းငံနိုင်၊ နခွန်ပထွန်ခရိုင်တွင် မွန်အမျိုးသမီးတစ်ဦးကို မြန်မာအမျိုးသားတစ်ဦးက  အလုပ်အကိုင်ဖြင့်လိမ်လည်ကာ နေအိမ်တစ်ခုအတွင်း  ပိတ်လှောင်ကာ ၇ ရက်ကြာ အဓမ္မပြုကျင့်ခဲ့ကြောင်း ထိုင်းသတင်းဌာန ဖော်ပြချက်များအရ သိရသည်။

ယမန်နေ့ ဇူလိုင် ၁၂ ရက်နေ့ ည ၈:၃၀ နာရီ အချိန်တွင် မွန်အမျိုးသမီးသည် ပိတ်လှောင်ခံထားရ‌သည့်နေအိမ်မှ  ထိုင်းအာဏာပိုင်များထံ အကူအညီတောင်းခံရန် ဆိုင်ကယ်ဖြင့် အသက်စွန့် ထွက်ပြေးခဲ့သည်။

ထိုင်းဘာသာစကားပြောဆိုင်နိုင်ခြင်းမရှိသဖြင့်  အာဏာပိုင်များထံ လက်ဟန်ခြေဟန်ဖြင့်အကူအညီ တောင်းဆိုခဲ့ပြီး  အာဏာပိုင်က သူမကို ဘေးကင်းရာနေရာသို့ ခေါ်ဆောင်သွားပြီး အခြေအနေတည်ငြိမ်မှာသာ ဘာသာပြန်တစ်ဦးမှတစ်ဆင့် စစ်ဆေးမေးမြန်းမှု လုပ်ဆောင်ခဲ့သည်။

မေးမြန်းမှုများအရ အသက် ၂၆ နှစ်အရွယ် မွန်အမျိုးသမီးသည် Facebook မှတစ်ဆင့် မြန်မာအမျိုးသားတစ်ဦးနှင့် သိကျွမ်းခဲ့ရာ သူမကို နခွန်ပထွန်တွင် အလုပ်အကိုင်ရရှိမည်ဟု အယုံသွင်းခံရကြောင်း ဆိုသည်။

ထို့ကြောင့် ကန်ချနဘူရီ၊ ဘုရားသုံးဆူနယ်စပ်ဂိတ်မှတစ်ဆင့် ပွဲစားဖြင့် ဝင်ရောက်လာပြီး နခွန်ပထွန်သို့ ရောက်ရှိစဉ် အလုပ်မရသည့်အပြင် သားမယားအဖြစ် နေထိုင်ရန်လည်း အတင်းအကြပ်ဖိအားပေးခံခဲ့ရပြီး အဓမ္မပြုကျင့်ခံရသည်။

ထွက်ပြေးလွတ်မြောက်လာသည့်နေက အဆိုပါ မြန်မာအမျိုးသား အရက်မူးအိမ်ပျော်နေသည်ကို အခွင့်ကောင်းယူပြီး ဖုန်းနှင့် Honda ဆိုင်ကယ်ကို ယူကာ ထွက်ပြေးခဲ့လာခဲ့ကြောင်း ထွက်ဆိုထားသည်။

လက်ရှိတွင် အမျိုးသမီးအား ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများအတွက် ဆေးရုံတွင် အသေးစိတ် စစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။

ထိုင်းအာဏာပိုင်က အချက်အလက်များ အားလုံးကို စုံစမ်းစစ်ဆေးနေပြီး ပြစ်မှုကျူးလွန်သူ မြန်မာအမျိုးသားအား တရားမဝင် ဖမ်းဆီးချုပ်နှောင်မှု၊ ပြန်ပေးဆွဲမှု၊ လိင်ပိုင်းဆိုင်ရာ ပြစ်မှုများ (မုဒိမ်းမှု) နှင့် လူကုန်ကူးမှု အပါအဝင် ပြင်းထန်သည့် ရာဇဝတ်မှုများဖြင့် တရားစွဲဆိုရန် ပြင်ဆင်နေသည်။

ဘုရားဆုံးဆူနယ်စပ်မှတစ်ဆင့် မြန်မာရွှေ့ပြောင်းလုပ်သားများ တရားမဝင်ဝင်ရောက်ခြင်းမှ ကာကွယ်ရန် စံခလပူရီ နယ်စပ်လုံခြုံရေးပူးပေါင်းရေးတပ်ဖွဲ့များမှ လုံခြုံရေးတင်းကြပ်ထားသော်လည်း နေ့စဉ်ဝင်ရောက်မှုများ ရှိနေဆဲဖြစ်သည်။

မြန်မာစစ်တပ်မှ အာဏာသိမ်းချိန်မှစပြီး ယနေ့အထိ ပြည်တွင်းစီးပွားရေးလုပ်ငန်းများတွင် ဝန်ထမ်းလျှော့ချခြင်း၊ လုပ်ငန်းလျှော့ချခြင်းများလုပ်ဆောင်နေသဖြင့် အလုပ်အကိုင်အခွင့်အလမ်း ရှားပါးနေဆဲဖြစ်ပြီး ပြည်ပထွက်ခွာခြင်းများ တိုးများနေဆဲဖြစ်ပြီး လိမ်လည်ခံရမှုဖြစ်စဥ်များလည်း မကြာခဏ ဖြစ်ပွားနေသည်။

ကိုးကား-MGR Online 

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts