spot_img
Saturday, April 27, 2024
More
    spot_img
    Homeသတင်းပထမဆုံးအကြိမ် မွန်အမျိုးသားညီလာခံ ကျင်းပခဲ့သော ဘလောက်ဘုန်းကြီကျောင်း ပင်မဆောင် မီးလောင်မှုဖြစ်ပွား

    ပထမဆုံးအကြိမ် မွန်အမျိုးသားညီလာခံ ကျင်းပခဲ့သော ဘလောက်ဘုန်းကြီကျောင်း ပင်မဆောင် မီးလောင်မှုဖြစ်ပွား

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ ဖေဖော်ဝါရီ ၂၃)

    မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ပငကျေးရွာရှိ ပထမဆုံးအကြိမ် မွန်အမျိုးသားညီလာခံ ကျင်းပခဲ့သော ဘလောက်ဘုန်းကြီးကျောင်း၊ ပင်မအဆောင် ဖေဖော်ဝါရီ ၂၂ ရက်က မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

    ည ၈နာရီ ၄၅ မိနစ်တွင် မီးငြိမ်းသက်နိုင်ခဲ့သော်လည်း အဆိုပါ ကျောင်းဆောင်မှာ မီးလောင် ဆုံးရှုံးခဲ့ရကြောင်း မြို့နယ် မီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

    သံဖြူဇရပ်မြိုနယ်မှ ဒေသခံ တစ်ဦးက “ဘုန်းကြီးတွေ တရားထိုင်နေတဲ့အချိန်မှာ ယူဆတာကတော့ ဝါယာကြိုးပဲ ယူဆတယ်။ အဲကနေစပြီး မီးလောင်ပြီးတော့ ကျွန်တော်ကို ခေါ်လို့ ကျွန်တော်သွားတယ်။ မီးငြိမ်းပေးတယ်”ဟု ပြောသည်။

    အဆိုပါ မီးလောင်မှုကြောင့် လူထိခိုက်မှု မရှိသော်လည်း ပင်မကျောင်းဆောင်တစ်ခုလုံး ပျက်စီးသွားခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

    ဘလောက်ဘုန်းကြီးကျောင်းအတွင်း ရှိ အလျား(၅၀)ပေ၊ အနံ(၃၀)ပေ၊ အမြင့် (၃၅)ပေရှိ အုတ်စီ၊ သွမ်မိုးအုတ်၊ ပျဉ်ခင်း၊ ပင်မ(၂)ထပ်ဆောင်၊ အပေါ်ထပ်ခေါင်းရင်းဘက်ရှိ မွေ့ရာနှင့် အသုံးအဆောင်ပစ္စည်းများ သိုလှောင်ထားသည့် အခန်း၌ အသုံးပြုရန် တပ်ဆင် ထားသော ဝါယာကြိုးများမှ ရှော့ဖြစ်ကာ  မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း မြို့နယ် မီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

    အဆိုပါ ဘလောက်ကျောင်းသည် ၁၉၄၆ ခုနှစ်က ပထမဆုံးအကြိမ် မွန်အမျိုးသားညီလာခံ ကျင်းပခဲ့သော ဘုန်းကြီးကျောင်းဖြစ်ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,800SubscribersSubscribe
    spot_img

    Latest posts