spot_img
Sunday, April 28, 2024
More
    spot_img
    Homeငြိမ်းချမ်းရေးမွန်တွင် တရားမဝင် ဝင်ရောင်လာသော တရုတ်နိုင်ငံသား ၁၀ ဦးကို ဖမ်းဆီး

    မွန်တွင် တရားမဝင် ဝင်ရောင်လာသော တရုတ်နိုင်ငံသား ၁၀ ဦးကို ဖမ်းဆီး

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ ဖေဖော်ဝါရီ ၂၂)

    မွန်ပြည်နယ် သံလွင်တံတား(မော်လမြိုင်) မုတ္တမဘက်ခြမ်းတွင် တရားမဝင် ဝင်ရောင်လာသော တရုတ်နိုင်ငံသား ၁၀ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

    ဖေဖော်ဝါရီ ၂၀ ရက် မွန်းလွဲပိုင်းက မုတ္တမဘက်ခြမ်းတွင် လုံခြုံရေးအဖွဲ့ဝင်များက သတင်းအရ စစ်ဆေးရှာဖွေရာ မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်မှ မော်လမြိုင်သို့ ယာဉ်မောင်း ရဲဝင်းဆိုသူ မောင်းနှင်လာသော PRADO အမျိုးအစား အစိမ်းရောင် မော်တော်ယာဉ် တစ်စီးနှင့် ယာဉ်မောင်း သက်နိုင်ထွန်းဆိုသူ မောင်းနှင်လာသော PRADO အမျိုးအစား ခဲရောင် မော်တော်ယာဉ် တစ်စီးအား စစ်ဆေးခဲ့ကြောင်း သိရသည်။

    အဆိုပါ မော်တော်ယာဉ် နှစ်စီးပေါ်တွင် မြန်မာစကား မပြောတတ်သည့် တရုတ်နိုင်ငံသား ၁၀ ဦးအား တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

    တရားမဝင် ဝင်ရောက်လာသော တရုတ်နိုင်ငံသား ၁၀ ဦးကို ‌‌သယ်ယူခေါ်ဆောင်လာသူ ယာဉ်မောင်း ရဲဝင်းနှင့် သက်နိုင်ထွန်းတို့ နှစ်ဦးအား အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

    ထို့ပြင် တရားမဝင် ဝင်ရောက်လာသော တရုတ်နိုင်ငံသား ၁၀ ဦးကိုလည်း လဝက အက်ဥပဒေများအရ မုတ္တမနယ်မြေ ရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

    ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၀ ရက်တွင်လည်း ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှ မကွေးမြိုနယ်၊ မကွေးမြို့နယ်မှတစ်ဆင့်  မွန်ပြည်နယ်အတွင်းသို့ တရားမဝင် ‌ဝင်ရောက်လာသော ဘင်္ဂါလီ ၉ ဦးကို ကျိုက်ထိုမြို့နယ် မရမ်းချောင် စစ်ဆေးဂိတ်တွင် ဖမ်းဆီးရမိခဲ့‌သည်။

    Caption: 
    မုတ္တမနယ်မြေ ရဲစခန်း (Internet)

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,800SubscribersSubscribe
    spot_img

    Latest posts