spot_img
Sunday, April 28, 2024
More
    spot_img
    Homeသတင်းမုဒုံနှင့် သထုံရှိ NLD အမတ်ဟောင်းများ နေအိမ် ထပ်မံချိတ်ပိတ်ခံရ

    မုဒုံနှင့် သထုံရှိ NLD အမတ်ဟောင်းများ နေအိမ် ထပ်မံချိတ်ပိတ်ခံရ

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂၊ ဖေဖော်ဝါရီ ၂၁)

    မွန်ပြည်နယ်ရှိ မုဒုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)မှ အမတ်ဟောင်း ဒေါ်ခင်ကျော့ဖြူနှင့် သထုံမြို့နယ်မှ NLD ပါတီ အမတ်ဟောင်း ဦးအောင်ကျော်သူတို့ နေအိမ်ကို သက်ဆိုင်ရာများမှ ဖေဖော်ဝါရီ ၂၀ရက်နေ့က လာရောက်ချိတ်ပိတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

    လက်ရှိမှာ နောက်ထပ် ချိတ်ပိတ်ရန်နေရာများရှိနေပြီး စိစစ်အရေးယူသွားရန် စီစဥ်နေကြောင်းနှင့်  နေအိမ်ချိတ်ပိတ်ခြင်း လုပ်ငန်းစဥ်များသည် ဥပဒေအတိုင်း အဆင့်ဆင့် လုပ်ဆောင်တာမျိုး မရှိကြောင်း တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြောသည်။

    “နေအိမ် ချိတ်ပိတ်တယ်ဆိုတာ ဒီလိုမျိုး ချက်ချင်းအမိန့်ထုတ် ချက်ချင်းသွားပိတ်တာမျိုး လုပ်လို့ ဘယ်ရမလဲ။ အခုလုပ်နေတာတွေက အဆင့်ဆင့်လုပ်နေတာလည်း မဟုတ်ဘူး။ တကယ်ဆို တရားစွဲ၊ တရားရုံးကအမိန့်ချမှ ချိတ်ပိတ်နိုင်မယ်။ ဒါတောင် မခိုင်လုံရင် ဒီဘက်ကနေ ပြန်ချေပနိုင်တယ်”ဟု ၎င်းက ပြောသည်။

    မွန်ပြည်နယ်ရှိ NLD ပါတီထောက်ခံသူတချို့နှင့် ပါတီဝင်အမတ်ဟောင်းများနေအိမ်ကို ယခုရက်ပိုင်းအတွင်း ချိတ်ပိတ်ခြင်းမျိုး ပိုမိုများပြားလာကြောင်း သိရသည်။

    အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်သွယ်မှုများကြောင့် နေအိမ်ကို ချိတ်ပိတ်ခြင်းဖြစ်ကြောင်း သက်ဆိုင်အရာအသိုင်းအဝိုင်းက ပြောကြားထားပြီး မွန်ပြည်နယ်တွင် ချိတ်ပိတ်ခံရသည့် NLD အမတ်ဟောင်းနေအိမ် ၄လုံးအထိ ရှိနေကြောင်း သိရသည်။

    မွန်ပြည်နယ်တွင် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင်လည်း NLD ပါတီမှ ကျိုက်ထိုမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်ဆောင်၏ နေအိမ်နှင့် ဆေးကုခန်း၊ ပေါင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူး၏ နေအိမ်တို့သည်လည်း ချိတ်ပိတ်ခံခဲ့ရသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,800SubscribersSubscribe
    spot_img

    Latest posts